တနင်္သာရီမြို့နယ်တွင် စရဖ သတင်းပေးဆိုသူတဦး အသတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်ကောင်စီ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းပေးဆိုသူတယောက်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူ ကိုအောင်ဇော်ချစ်(ခ) ကုလားချေး ဆိုသူဟာ စစ်ကောင်စီ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းပေးဖြစ်ပြီး ဒေ သခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ် ၇ ရက်နေ့မှာ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စရဖက သူ့ကိုသေနတ် ပေးကိုင်ထားတယ်။ ရပ်ကွက်တွေထဲမှာလည်း စရဖ လူဆိုပြီး လျှောက်လုပ်ခဲ့တာတွေရှိတယ်။ ပြီးတော့ ပကဖရဲ့နယ် မြေတွေကိုလာပြီး တကြိမ် နှစ်ကြိမ်မက သတင်းလာထောက်လှမ်းတာရှိတယ်။ သူ့ကိုရှင်းလင်းတဲ့အချိန်မှာလည်း လက်လုပ်သေနတ် တလက်တွေ့တယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ကိုအောင်ဇော်ချစ်နဲ့အတူ လက်လုပ်သေနတ်တလက်၊ ဖုန်းတလုံးနဲ့ ဆက်စပ်သတင်းအချက်အလက်တွေကို သိမ်း ဆည်းရမိခဲ့ပြီး သိမ်းဆည်းရခဲ့တဲ့ ဖုန်းမှာပါတဲ့ အချက်အလက်တွေအရ နောက်ဆက်တွဲပုဂ္ဂိုလ်တွေကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါသေးတယ်။
တနင်္သာရီမြို့နယ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ DVB