ပခုက္ကူ၊ ဘုန်းကံရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေ ဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာ၌ တပ်စွဲထားသော စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း Yesagyo Revolution Group (YRG) မှ တာဝန်ခံ ကိုပါးသိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြိုနယ်၊ ဘုန်းကံကျေးရွာ၌ တပ်စွဲထားသော စစ်တပ် ကင်းစခန်း တစ်ခုကို ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊၁၂၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းမှ စစ်သားများ ထွက်လာစဥ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အဲဒီ စစ်ခွေး ကင်းစခန်းကို လက်နက်ကြီး အလုံး ၅၀ ခန့် ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်စဥ်အတွင်းမှာ စစ်ခွေးတွေက ၆၀ မမ နဲ့ ပြန်ပစ်ခတ်တယ်။ အပြန် အလှန် ပစ်ခတ်မှု မိနစ် ၂၀ လောက် ကြာခဲ့တယ်။ ရွာထဲကနေ စစ်ခွေးတွေ ဘယ်ညာနှစ်ဖက်ကနေ စစ်ခွေး ၁၀ ကောင်လောက် တက်လာတုန်း ကျွန်တော်တို့ ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၃ ကောင်သေတယ်။ လက်နက်ကြီးနဲ့ ပစ်တာကတော့ စစ်ခွေး ၄ ကောင် ဒဏ်ရာရတယ်” ဟု Yesagyo Revolution Group (YRG) မှ တာဝန်ခံ ကိုပါးသိုင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae People Defense Force၊ King Cobra (ပခုက္ကူခရိုင် ရင်း ၂ တပ်ခွဲ ၃)၊ ညနောင်သုံးဖော်၊ Royal Defense Force၊ PKU Rangerနှင့် Royal PKU Underground တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s