ပလက်ဝတွင် စစ်ကောင်စီတပ် ၂ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ဦးသေဆုံးဟု CDF – Paletwa ထုတ်ပြန်

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwa က ထုတ်ပြန်သည်။

မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

ယမန်နေ့ မတ်လ ၉ ရက်တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Paletwaနှင့် ချင်းအမျိုးသားတပ်မတော် CNAတို့က နံနက် ၁၀နာရီ ၅၄မိနစ်မှ ၁၁နာရီ ၄၁မိနစ်အကြားနှင့် နေ့လယ် ၁၂နာရီ ၂၀မိနစ်မှ ၁၂နာရီ ၄၀မိနစ်အကြားတွင် ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ လာကီချောင်းတနေရာမှစောင့်၍ ချုံခိုက်တိုက်ခိုက်ခဲ့ကြောင်း CDF – Paletwa ကသတင်းထုတ်ပြန်သည်။

“ဟိုအရင်ရက်ကတိုက်ခဲ့တဲ့ စစ်ကြောင်းပါပဲ။ ရှေ့က တဖွဲ့ဝင်သွားကြပြီး အခုတိုက်တာက နောက်ကလိုက်တဲ့အဖွဲ့ကိုပါ” ဟု CDF – Paletwa ဗဟိုကာကွယ် ရေးကော်မတီဥက္ကဌ Paul က မဇ္ဈိမကိုပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း နှင့် ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အား ၈၀ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့သည် ဆမီးမြို့နှင့် မတူပီမြို့အကြားရှိ အခြေကုတ်ယူထားသည့် တစ်ခုတည်းသော ထေဘွဲ့စခန်းသို့ အင်အားဖြည့်တင်းလာခြင်းဟု ဆိုသည်။

မတ်လ ၈ရက်နေ့ မွန်းလွဲ၁နာရီကလည်း အဆိုပါ စစ်ကြောင်းကို ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာ ကျေးရွာအကြားရှိ ဗာမီချောင်း လမ်းခုတ်တနေရာတွင် CDF – Paletwa က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ အင်အားဖြည့်တင်းရန်သွားရောက်နေသည့် ထေဘွဲ့စခန်းသို့ရောက်ရန် နာရီအနည်းငယ်အလိုတွင် နှစ်ရက်ဆက်ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ဦးသေဆုံးကာ ၂၅ဦးကျော် ဒဏ်ရာရ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s