ပလက်၀၊ အုတ်ဖို၊ တောင်သာ၊ နွားထိုးကြီး၊ တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေ ဆုံး၊ PDF ၁ ဦးကျဆုံး

ချင်းပြည်နယ်၊ ပလက်၀၊ ပဲခူးတိုင်း၊ အုတ်ဖို၊ မန္တလေးတိုင်း၊ တောင်သာ၊ နွားထိုးကြီးနှင့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ပလက်၀တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး

=================================

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ယနေ့ မတ်လ ၉ ရက်နေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၈ ဦး သေဆုံးကြောင်း CDF ပလက်၀က သတင်းထုတ်ပြန်သည်။

လိုင်လင်းပီမြို့မှ မတူပီမြို့နယ်၊ ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်း လာသည့် စစ်ကောင်စီတပ်ကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာ ကျေး ရွာအကြားတွင် CNA၊ CDF-Paletwa ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၄ မိနစ်မှ နံနက် ၁၁ နာရီ ၄၁ မိနစ်အကြားတွင်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ကြားတွင်လည်းကောင်း မနက် ၁၀ နာရီ ၅၄ မိနစ်မှ ၁၁ နာရီ ၄၁ မိနစ်အကြားတွင်လည်းကောင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၈ ဦးသေဆုံးကာ ၁၅ ဦး ပြင်းထန်စွာဒဏ်ရာရရှိကြောင်း သိရှိရသည်

တောင်သာနှင့် နွားထိုးကြီးတွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

=========================================

မန္တလေးတိုင်း၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေ ဆုံးခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့ထံမှ သိရသည်။

မတ်လ ၆ ရက်နေ့ တောင်သာမြို့နယ်၊ ချောင်းဆုံရွာရှိ ရှာပင်ရာကျောင်း၌ တပ်စွဲထားသော စစ်သား ၃၅ ဦးကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် မြို့မရဲစခန်းနှင့် နွားထိုးကြီးမြို့ လျှပ် စစ်ရုံးတို့ကို ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတွင် စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး

=========================================

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ခမရ ၅၆၁ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ် သား ၂ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း စစ်ဒေသခွဲ အမှတ် ၃ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ညနေ ၃ နာရီလောက်ကစပြီး အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တာ၊ ရဲဘော်ကတော့ တိုက် ပွဲ အတွင်းမှာ ပဲ ကျည်ထိကျဆုံးတာပါ” ဟု စစ်ဒေသခွဲ အမှတ် ၃ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်မတော်၊ တပ်ရင်း ၂ ၊ မြိတ်(ပကဖ)နှင့် တနင်္သာရီမြို့နယ်တပ်ပေါင်းစုတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အုတ်ဖိုတွင် ပျူစောထီးခေါင်းဆောင် မျိုးဝင်း နေအိမ်ကို ပစ်ခတ်တိုက်ခိုက်

=========================================

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမလေး မမေဇွန်မိုးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် ပျူစောထီးခေါင်းဆောင် မျိုးဝင်း နေ အိမ်ကို ၄၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အုတ်ဖို PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၁၅ မိနစ်အချိန် အုတ်ဖိုမြို့နယ်၊ ထန်း ပင်ကုန်းရွာရှိ ပျူစောထီးခေါင်းဆောင် မျိုးဝင်း နေအိမ်၌ တပ်စွဲထားသော စစ် သားများကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ များဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

” ၄၀မမ လက်လုပ် လက်နက်ကြီးတွေနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ခွေးတွေဘက်က အသေ အပျောက်တော့ မသိရသေးဘူး။ ရဲဘော်တွေဘေးကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ပါတယ်။ ၄၀ မမ ၅ လုံး မျိုးဝင်း နေအိမ်ထဲ ပစ်ထည့်နိုင်ခဲ့ပါတယ်။ သေတာတော့သေမယ်။ အတိ အကျတော့ မသိရသေးဘူး။ မျိုးဝင်းက CDM သူနာပြုဆရာမလေး မမေဇွန်မိုးကို မုဒိန်းကျင့်တဲ့ အဓိကတရားခံပါ” ဟု အုတ်ဖို PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s