မုံရွာမြို့၊ စက်မှုဇုန်လမ်းခွဲတွင် ကြေးနီသယ်ကားများ၏ လုံခြုံရေး ကင်းပုန်းဝပ် စစ်သားကို ပစ်ခတ်မှု ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၃ ဦးကို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း Golden Eagle Force-Monywa-V2 မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ကြေးနီသယ် ကားလမ်းကြောင်းရှိ၍ လုံခြုံရေး ကင်းပုန်ဝပ်သော စစ်သား ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကားဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနေရာမှာပင်သေဆုံးပြီး တစ်ဦးခြေထောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကြေးနီကားတွေဖြတ်မှာမို့ မိုင်းကြောက်ပြီး ကင်းပုန်းလာဝပ်ကြတာပါ၊ ခြေထောက်ထိတဲ့ စစ်ခွေးက ပြန်လည်ပစ်ခတ်တာတော့ရှိပါတယ်၊ ခွေးသေ ၂ ကောင်နဲ့ ခွေးနာတစ်ကောင်ကို မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်က စစ်ခွေးတွေက အိမ်စီးကားနဲ့ လာသယ်သွားတယ်” ဟု Golden Eagle Force-Monywa –V2 မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို Golden Eagle Force-Monywa –V2 ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ Brothers Revolution Force – Monywa ၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit