မုံရွာ နမခမှ ကြေးနီများတင်ဆောင်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
မုံရွာ နမခမှ ကြေးနီများတင်လာသော အကြမ်းဖက် စစ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိနိုင်ပြီး ကားများလည်းပျက်စီးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ မတ်လ ၉ ရက် နေ့လည် ၁ နာရီ မိနစ် ၄၀ တွင် ကြေးနီများတင်ဆောင်ပြီး မုံရွာမြို့အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တပ်အ တွင်းမှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသော ၁၂ ဘီးကား ၁၂ စီးအား မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အထူး ထုတ်မိုင်းဘီလူးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၃ နာရီ မိနစ် ၅၀ တွင်လည်း မုံရွာမှ ထပ်မံထွက်ခွာလာ သည့် အ ကြမ်းဖက်စစ်ကား အစီး ၃၀ ကိုလည်း မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ ကြားတွင် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံတိုက်ခဲ့ကြောင်း သိရသည်။
“ကင်းပုန်းတွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ကြားထဲကနေ မိုင်းရအောင်ဆွဲ ခဲ့တာ၊ ခွေးတွေသေဆုံးထိခိုက်မှုက တော့ စုံစမ်းနေတယ်၊ ခွေးတွေအသေအပျောက်ကတော့ များနိုင်ပါ တယ်၊ ကားဘီး တာယာတွေကျွတ်ပြီးတော့ ခွေလိုက်ကြီးပဲမောင်းသွားတယ်လို့ သိရတယ်၊ ကားလဲ ထိ ခိုက်ပျက်စီးမှုရှိပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU).မြင်းမူမြို့တိုက်နယ်အနောက်ခြမ်းပ က ဖ TAUNGTHA People DefenseForce(TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။khit thit