မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ တင် ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ တင်ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမှ ထွက်ခွာလာသော ကြေးနီ တင်ဆောင်လာသည့် စစ်တပ် ယာဥ်တန်းကို နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ပဒေသာမိုင်း ၃ လုံးတွဲဖြင့် ၃ ပွိုင့် မိုင်းဆွဲခဲ့ကြောင်း၊ ရေပိုးစားရွာ အနီး တစ်နေရာတွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ၂ ပွိုင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ ကား ၁ စီး လမ်းဘေး ထိုးကျ ပျက်စီးသွားကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ဆက်လက်ထွက်ခွာလာသော ကျန်ၡိနေသည့် ယာဥ်တန်းကို ရေပိုးစားကျေးရွာ အလွန်တွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တစ်ပွိုင့် မိုင်းဆွဲခဲ့ကြောင်း၊ ဂွေးပင်တောကျေးရွာ အနီးတွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် တစ်ပွိုင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး လမ်းဘေး ထိုးရပ်သွားကြောင်း သိရသည်။
” တိုက်ခိုက်မှု ၄ ကြိမ် အတွင်းမှာ စစ်ခွေး ၇ ဦးထက်မနည်း သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိမှု များတယ်။ မိုင်းဆွဲ တိုက်ခိုက်လို့ ကား ရပ်ခါနီး သေနတ်ကျည်ထွက်လာသေးတယ် ကားထဲက မသေသေးတဲ့ စစ်သားတွေကို သူတို့ဘာသာ ပစ်သတ်ခဲ့တာ ကား သုံးစီး ပျက်စီးသွားတယ်” ဟု လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်တပြတ်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၆) CHU PDF၊ CHU PDF တပ်ခွဲ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄) MS PDF၊ B.C အထူးပျောက်ကြားတပ်နှင့် Zoe Fighter People Defence Force အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။khit thit