မြိုင်မြို့နယ် Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကျား သစ်နက် တပ်မ တော် တပ်ရင်းမှူး ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မြိုင်မြို့နယ်၊ Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတ ပ်ဖွဲ့ပေါင်း ၃၀ ကျော်က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ် ခတ် ခဲ့သော်လည်း စခန်းကို သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“စခန်း သိမ်းနိုင်ဖို့ရာ နံနက်ခင်း ၇ နာရီလောက်က စတင်တိုက်ပွဲဖြစ်တယ်။ မနက်ခင်း ၉ နာရီ အရောက်မှာတော့ မုံရွာ နမခ ကနေ Mi 35 ရ ဟတ်ယာဉ် ၂ စီး နဲ့ လာပစ်တယ် ။‌ ရဟတ်ယာဉ် တွေ ပြန်သွားတော့ ကျနော်တို့ အဖွဲတွေက ထပ် ပြန်တိုက်တယ်။ နေ့လယ်ပိုင်းမှာ စခန်းကိုကျနော် တို့ မီးရှို့နိုင်ခဲ့တယ်။ စစ်ခွေးအကျအဆုံးကတော့ အတိကျမသိခဲ့ရ ဘူး။ ကျနော်တို့ဘက်ကတော့ ကျား သစ်နက်တပ်မတော် တပ်သား ၁ ဦးကျဆုံးတယ်။ နောက် ၁ ဦးဒဏ်ရာရတယ် ။ အခြားအဖွဲ့က ရဲဘော် ၃ ဦး ဒဏ်ရာရတယ်။ ၁ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု ကျားသစ်နက်တပ်မတော် တပ်ရင်မှူး ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့သော မြိုင်မြို့နယ်၊ Well Two ရေနံမြေအစောင့်စခန်းသည် အခိုင်အမာ တည်ဆောက်ထား သော စခန်းတစ်ခုဖြစ် ကြောင်း၊ ရဲနှင့်စစ်တပ် တပ်သားများ တပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်၊ပေါက်မြို့နယ်၊ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆော မြို့နယ် စုစုပေါင်း မြို့နယ် ၅ ခုကို ဖေ ဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကြောင်းထိုးမှုများ အရှိန် အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s