ဝက်လက်၊ ရွာသာကြီးစံပြရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်း၊ ရှော့တိုက်ဒုံးတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးစံပြရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်း၊ ရှော့တိုက်ဒုံးတို့ဖြင့် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း Eagle Guerrilla Force တပ်ခွဲ ၁မှ တပ်ရင်းမှူး ကိုကောက်ရိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီး စံပြကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၈၀ ခန့်ကို ကာကွယ်ရေး တပ်ဖွဲ့များက Drone ၊ ရှော့တိုက်ဒုံး၊ ၉၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” တိုက်ခိုက်မှုမှာ ၆ ကောင်သေတယ်။ ၂ ကောင်ဒဏ်ရာရတယ်။ စစ်ခွေး ကင်းပုန်းတွေပါ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်။ ဒရုန်းမှာ တပ်ဆင်ဖို့ ဘက်ထရီတွေ လိုအပ်နေတယ် တစ်လုံးကို ၅ သိန်းလောက်ရှိတယ်။ အလှူရှင်တွေကို မေတ္တာရပ်ခံပါတယ်” ဟု Eagle Guerrilla Force တပ်ခွဲ ၁မှ တပ်ရင်းမှူး ကိုကောက်ရိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊တပ်ခွဲ ၁ Eagle Guerrilla Force + တပ်ခွဲ(၂) Fight For Freedom (FFF)၊ ဧရာဝတီပျံလွှား၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ ရွာသာကြီးတိုက်နယ်(ပ.က.ဖ)၊ဒေသ (ပ.က.ဖ) တို့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s