NUG ယာယီသမ္မတကြီးနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာ့အရေးကူညီနိုင်မည့်အခြေအနေများ ဆွေးနွေး

NUG ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာ့အရေးကူညီနိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့သည်ဟု NUG က သတင်းထုတ်ပြန်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(Igor Driesmans)တို့ မတ် ၉ ရက် ညေန ၄ နာရီမွ စတင်ကာ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် တစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံမှုတွင် စစ်ကောင်စီကြောင့် တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော ပြဿနာများနှင့် လူထု၏ ဒုက္ခရပ်များအကြောင်း ဆွေးနွေးခဲ့ကြပြီး ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့အရေးအတွက် ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့သည်ဟု NUG ကသတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးမှ အတွင်းဝန်နှင့် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးမှုပြီးနောက် အထူးကိုယ်စားလှယ်နှင့် ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည့် အ ခြေအ နေများကို ပြောကြားရင်း တွေ့ဆုံမှုအား ရပ်နားခဲ့သည်ဟု NUG က တရားဝင်သတင်းထုတ်ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s