PDF ယာယီစခန်းကို စစ်တပ်စီးနင်းစဉ် ကော့သောင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ သေဆုံ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ယာယီစခန်းတစ်ခု မတ်လ ၄ ရက်က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အတွင်း ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးသက်နိုင် သေဆုံးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က PDF ယာယီစခန်းကို စီးနင်းတိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၉ ဦးကျဆုံးပြီး ဦးသက်နိုင်လည်း ပါဝင်ကြောင်း ကော့သောင်းမြို့နယ် (NLD) ပါတီဝင်တစ်ဦးက Myanmar Now ကို အတည်ပြုပြောသည်။

“စကစ ဘက်ကနေပြီး လော်ဘီချန်နယ်တွေက သတင်းတစ်ခု တက်လာတယ်။ ကျွန်တော်တို့က အဲဒါကို မယုံဘူး။ အဲဒါနဲ့ ကျွန်တော်တို့ လိုက်စုံစမ်းရင်းနဲ့ ည ၈ နာရီမှာ တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ်အားလုံး အလုံးစုံပြန်ရပြီးမှ ဒါကို အတည်ပြုရတာ” ဟု ၎င်းက ဆိုသည်။

အသက် ၄၀ အရွယ် ဦးသက်နိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ဆူပူမှုဆိုင်ရာ ပုဒ်မ ၅၀၅ ဖြင့် ကော့သောင်းမြို့နယ်တွင် အ စောဆုံး ဖမ်းဝရမ်းထုတ်ခံခဲ့ရသူဖြစ်သည်။ ထို့နောက် လက်နက်ကိုင် ခုခံတော်လှန်မှုကို ရွေးချယ်ခဲ့ပြီး ဝိုင်ဒင်းကျေးရွာကို စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်း ဝင်ရောက်လာပြီးနောက် သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

မတ်လ ၄ ရက်တိုက်ပွဲတွင် စစ်ကြောင်းမှူး မြစ်ချောင်းဆိုသူအပါအဝင် PDF ၆ ဦး၊ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၃ ဦး သေဆုံးကြောင်း ဗိုလ်လျှပ်စီးဟု အမည်ဝှက်ပေးထားသည့် ကော့သောင်းခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။

“ကျွန်တော်တို့ရဲဘော်တွေအတွက် အကုန်လုံးက ရင်ထုမနာဖြစ်နေတယ်။ စိတ်ဓာတ်တော့ မကျဘူး။ သွေးကြွေးကတော့ ဆပ်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။ 

ထိုင်း−မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့နယ် ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်​ စစ်ကောင်စီတပ်နှင့် ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) နှင့် ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက ထိုဒေသတွင်းတွင် တိုက်ပွဲများဖြစ်နေသည်။

ထိုဒေသတွင်းရှိ ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာ စသည့် ရွာများကို PDF နှင့် ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားကြောင်း တော်လှန်ရေးအင်အားစုများဘက်က ဖေဖော်ဝါရီ ၁၉ တွင် ထုတ်ပြန်ကြေညာပြီးနောက်တွင် စစ်ရေးပိုမိုတင်းမာလာသည်။

ဖေဖော်ဝါရီ ၂၁ နှင့် ၂၇ ရက်တို့တွင် ထိုဒေသတွင်း၌ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုင်းနိုင်ငံဘက်တွင် စစ်ရှောင်နေရသူ ၂၃၀ ဦးထက်မနည်း ရှိကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက ပြော သည်။

ထိုင်းဘက်တွင် တိမ်းရှောင်သူအချို့ မတ်လ ၉ ရက်တွင် နေရပ်ပြန်နေကြပြီဖြစ်ကြောင်း၊ ဝိုင်ဒင်းကျေးရွာမှ စစ်ရှောင် ၇၀ ဝန်းကျင် ကျန်နေသေးကြောင်း စစ်ရှောင်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ပြန်သွားတဲ့သူ ပြန်သွားကြပြီ။ ပထမ ၂၀၀ ကျော်လောက် ရှိတယ်။ စားရေးသောက်ရေးကိစ္စတွေက လှူဒါန်းတဲ့သူတွေက လှူကြတယ်။ ရနောင်းဘက်ခြမ်းမှာ ရှိတဲ့လူတွေက လှူကြတယ်။ ထိုင်းတွေက ဝိုင်းကူတဲ့သူတွေက ကူတယ်။ ထိုင်းစစ်တပ်ကလည်း ပေးတယ်” ဟု ၎င်းက ဆို သည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကောင်စီကို နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီတိုင်းသည်လည်း အားကောင်းမောင်းသန် ပါဝင်နေသည်။ ခရိုင်လေးခုရှိသည့် တနင်္သာရီတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခု၌ တော်လှန်ရေးအဖွဲ့များ လှုပ်ရှားနေသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s