စစ်ကိုင်း၊ ဆားတောင်မြို့တွင် ကင်းလှည့်နေသည့် ရဲများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် ကင်းလှည့်နေသည့် ရဲများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးကြောင်း ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဆာတောင်ရဲစခန်းမှ ဆိုင်ကယ် ၄ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသည့် ရဲ ၄ ဦးကို ဆားတောင်မြို့ အထွက် ရွှေတောင်သီရိ ဆီဆိုင်အနီး ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့် ပစ်ခတ်မှု ဖြစ်ပွားကာ ရဲ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆားတော်ရဲစခန်းက ပြည်သူတွေကို အနိုင်ကျင့် ရိုက်နှက်ပြီး ငွေညှစ်နေတဲ့ ရ​ဲခွေးတွေ ဆိုင်ကယ် ၄ စီးနဲ့ ကင်းပတ်နေတုန်း ဆားတောင် အ ထွက်က ရွှေတောင် သီရိ ဆီဆိုင်အနီးမှာ မဟာမိတ်အဖွဲ့တွေနဲ့ ပေါင်းပြီး မိုင်းဆွဲတိုက်ခဲ့တယ်။ ပြီးတော့ အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့် ဖြစ် ပွားပြီး ရဲ ၃ ဦးသေဆုံးတယ် ၁ ဦး ဒဏ်ရာရရှိတယ်” ဟု ဆားတောင် မိုးကြိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s