စစ်ကောင်စီက စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့်မပေးတော့ဘဲ စိစစ်မည်ဟု ပြော ဆိုပြီးနောက် MPTA က ဆီဆိုင်များ၏ မသမာမှုများနှင့် သိုလှောင် စျေးကစားမှုများကို အ ရေး ယူမည်ဟုဆို

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့်မပေးတော့ဘဲ စိစစ်မည်ဟု ပြောဆိုပြီးနောက် ဆီရောင်းချရာတွင် မသမာမှုများနှင့် သိုလှောင် စျေးကစားမှုများကို အရေးယူမှုည်ဟုဆို စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း(MPTA)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ စက်ဆုံးဆီ တင်သွင်းမှု လျော့ချရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ လုပ်ဆောင်ရန် ရှိနေပြီး စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့် ပေးတော့မည်မဟုတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအ ဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ဘဏ္ဍာရေးအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

“အခုက ဆီသမားတွေကို အခွန်ကလည်း တအားဖိတယ်။ အခွန်မဆောင်ရင် လိုင်စင်သက်တမ်း တိုးမရဘူး။ ရောင်းရသမျှ အကုန် PPRD ရေနံကြီးကြပ်ရေးအဖွဲ့ ကို စာရင်းပေးရတယ်။ PPRD က အခွန်ရုံးကို ပြန်ပို့တယ်။ ဒါပေမယ့် ဆီခရိုနီကြီးတွေနဲ့ စစ်တပ်က အဆင်ပြေနေတယ်။ သူတို့ပဲ လက်ဝါးကြီးအုပ်ထားတာ။ BOC ဝင်းဆွေဆိုရင် စစ်တပ်နဲ့ပေါင်းပြီး စျေးကွက်ကို လက်ဝါးကြီးအုပ်ထားတာ။ ဆီမသာမှု၊ ဆီသိုလှောင်ပြီး စျေးကစားတာတို့က စစ်တပ်နဲ့ ပိုင်တဲ့သူတွေပဲ လုပ်နေတာ။ ဆီတင်သွင်းခွင့် လျှော့ချမယ်ဆိုတာကလည်း နောက်ထပ် ဆီသမား အသစ်တွေ မဝင်နိုင်အောင် ကန့်တာ။ ခရိုနီ လက်ရှိ ဆီသမားတွေနဲ့ စစ်တပ်နဲ့ပေါင်းပြီး စျေးကွက်ကို ထပ်ပြီး လက်ဝါးကြီးအုပ်တာ” ဟု စက်သုံးဆီ တင်သွင်းရောင်း ချသော စီးပွားရေးသမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ဆီဆိုင်များ တရားမဝင် ဆီသိုလှောင်ခြင်း ၊ တင်သွင်းလာသည့် ဆီများ ပျောက် ဆုံးခြင်းမရှိစေရေး ဆောင်ရွက်ရန် အပါအဝင် ဆီရောင်းဝယ်မှုများကို အချက် ၉ ချက်ဖြင့် စောင့်ကြည့်ကြောင်း၊ သတိပေးအဖွဲ့၊ ပိတ်သိမ်းရေးအဖွဲ့များကိုလည်း စစ်တပ်နှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပိတ်ဆို့ခံရခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ထွက်ခွာခြင်းတို့ ကြုံနေရသော အကြမ်းဖက်စစ်ကောင် စီတွင် နိုင်ငံခြားဝင်ငွေ နှင် အမေရိကန်ဒေါ်လာ ရပေါက်ရလမ်း နည်းလာနေကြောင်း၊ ထိုအချိန်တွင် နိုင်ငံခြားငွေ စီးထွက်မှုကို တားဆီးရန် စစ်ကောင်စီက သွင်းကုန်မှန်သမျှကို ပိတ်ပင်လျက်ရှိပြီး ယခုနောက်ဆုံးတွင် စက်သုံးဆီ တင်သွင်းမှု မဖြစ်မနေ လျှော့ချရေးအတွက် ဆီတင်သွင်းမှုများကို လိုသလောက် တင်သွင်းခွင့်မပေးတော့ရန် စစ်ကောင်စီက စီမံလာခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s