စစ်ခွေးနိဂုံး ၂၀၂၃ ကျည်ပရောဂျတ် မဲလက် မှတ်များ ဝယ်ယူကြရန် နဂါးနီစစ်ကြောင်း တိုက်တွန်း

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ် နယ်မြေ အတွင်းရှိ နဂါးနီစစ်ကြောင်းက ပြုလုပ်နေသည့် စစ်ခွေးနိ ဂုံး၂၀၂၃ ကျည်ပရောဂျတ် မဲလက်မှတ်များ ဝယ်ယူကြရန် နဂါးနီစစ်ကြောင်းက တိုက်တွန်းလိုက်သည်။

မဲလက်မှတ်များကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်ပြီး ရောင်းချခဲ့သော်လည်း မျှော်မှန်းထားသော ရာခိုင်နှုန်း မပြည့်မှီသေးသည့် အတွက် အခက်ခဲဖြစ်နေကြောင်း နဂါးနီစစ်ကြောင်းက ဆိုသည်။

“မဲကအစောင်ရေ ၆,၀၀၀ ရောင်းရမှာ၊ အခုက ရောင်းအားက အတော်နည်းနေတယ်ဗျ၊ ၄ လပိုင်းအကုန်ထိတော့ မဲအကုန်ရောင်းရဖို့တော့ မျှော်မှန်း ထားတယ်”ဟု နဂါးနီစစ်ကြောင်းမှ ရဲဘော်နဂါးက ပြောသည်။

ယင်းကျည်ပရောဂျတ်တွင် မဲလက်မှတ်တစ်စောင်လျှင် မြန်မာငွေ ၁၀,၀၀၀ ကျပ်၊ ထိုင်းဘတ် ၁၅၀ ၊ အမေရိကန် ၅ ဒေါ်လာ၊ မလေးရှားငွေ ၂၀ ရင်းဂစ်၊ ဂျပန်ငွေ ၆၀၀ ယန်းနှင့် စင်ကာပူဒေါ်လာ ၆ ဒေါ်လာတို့ဖြင့် သတ်မှတ်ရောင်းချနေခြင်း ဖြစ်သည်။

ပထမဆုကို ထိုင်းရွှေအခေါက် တစ်ကျပ်သား၊ ဒုတိယနှင့် တတိယဆုမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတို့ဖြစ်ကြောင်း သိရသည်။

“ မဲဝယ်ပေးကြပါလို့ ပြောချင်ပါတယ်၊ အကျိုးမယုတ်ပါဘူး၊ ဒီဟာက တော်လှန် ရေးအတွက်ပဲ၊ လောလောဆယ်က ပြဿနာက တစ်နိုင်ငံလုံးက ဖိတဲ့နေရာ တွေရှိနေလို့လေ၊ စစ်ကိုင်းတို့ ကရင်နီတို့မှာလည်း ဖိနေတဲ့ဟာတွေ ရှိနေတော့လေ အများကြီးမတောင်းဆိုပါဘူး၊ တစ်စောင်မှ တစ်သောင်းပါ၊ တစ်သောင်းဆိုတာက ရန်ကုန်မှာဆိုရင် တက္ကစီ အသွားတခါစာလောက်ပဲ ရှိတယ်” ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

မဲလက်မှတ် ရောင်းရသည့် ငွေများကို လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်း သွားမည်ကြောင်း ၎င်းကဆိုသည်။

နဂါးနီစစ်ကြောင်းသည် တဂေးတိုက်ပွဲ၊ ကွီးလုံတိုင်စခန်း၊ ချောင်းနှစ်ခွ ရဲစခန်း၊ ကြာအင်းဆိပ်ကြီး ခလရ (၂၈၄) ၊ ဘုရားသုံးဆူ ရဲစခန်းနှင့် ပြောက်ကျားတိုက်ပွဲငယ် များတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကြောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကာကွယ်ရေးတပ်ဖွဲ့အများစုသည် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ငွေအပြင် ရရာနည်းလမ်းများဖြင့် ပိုက်ဆံရှာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s