တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၉ ဦးသေဆုံးဟုဆို

တနင်္သာရီမြို့နယ်၊ ဘန်းဘမွတ်ကျေးအုပ်စု၊ ကမ်းတိုရွာအနီးတွင် အကြမ်းဖက် စစ်တပ်ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေ ဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၀ ရက်နေ့က မြိတ်မြို့မှ တနင်္သာရီမြိုနယ်ဘက်သို့ ပြည်ထောင်လမ်းမကြီးအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီမြို့နယ် (ပကဖ) တပ်ပေါင်းစု၊ ကျွန်းစုမြို့နယ်(ပကဖ)ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေသော စစ်ရေးအခြေအနေမျာအရ ဒေသပြည်သူများ နှင့် ခရီးသွား ပြည်သူများ အနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s