နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၆၀၀၀ ကျော် ဝင်ဖြေ

နေပြည်တော်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ကျောင်းသား/ကျောင်းသူ ၇ ထောင်ကျော်စာရင်းပေးထားတဲ့အထဲက ၆ ထောင်ကျော်လောက် လာရောက်ဖြေဆိုကြတယ်လို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော် ၈ မြို့နယ်အတွင်းမှာ စာစစ်ဌာန စုစုပေါင်း ၃၉ ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့အတွက် ကျောင်းသား/ကျောင်းသူ ၇၁ ၁၈ ဦး စာရင်းပေးထားဝာာပါ။ အဲ့ဒီထဲက ၆၄၂၃ ဦး ဝင်ရောင်ဖြေဆိုခဲ့ပြီး ၆၉၅ ဦးက ဖြေဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စုစုပေါင်း ၉၀ ရာ ခိုင်နှုန်းကျော် ‌လာရောက်ဖြေဆိုတယ်လို့လည်း ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၇၉၇၄၂ ဦး ဖြေဆိုဖို့ စာရင်းပေးသွင်းထားတယ်လို့လည်း သိရပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s