ပူတာအို-မြစ်ကြီးနား ကားလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ပူတာအို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ မတ်လ ၉ ရက် မနက် ၁၁ နာရီလောက်က  စစ်ကောင်စီယာဉ်တန်း ၄ စီးကို ကေအိုင်အေ တပ်ရင်း-၁၁ က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေအရာရှိတဦးက ပြောပါတယ်။

“စစ်ကောင်စီစစ်ယာဉ်တန်း ၄ စီးက မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်နေတာ။ တီရန်ဇွတ်နားမှာပဲ ကေအိုင်အေတပ်မဟာ-၂ လက် အောက်ခံ တပ်ရင်း-၁၁ က ကြားဖြတ်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်က အထိနာသွားတယ်။”

စစ်ကောင်စီစစ်သား အပြည့်ပါတဲ့ စစ်ယာဉ်တန်းကို ရင်း-၁၁ ရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအသေးစိတ် မသိရသေးဘူးလို့ ကေအိုင်အေခန်အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးကလည်း ပြောပါတယ်။

ဒီနေ့ ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကား ၂ စီး မီးလောင်နေတာ တွေ့ခဲ့တယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

“ဆွမ်ဘရာဘွမ်နဲ့ မြစ်ကြီးနားကြားမှာ တိုက်ပွဲဖြစ်လို့ ခရီးသည်တွေ လမ်းမှာနားရတယ်။ ကျနော်တို့က ကျော်လာခဲ့တယ်။ လမ်းမှာ စစ်ကောင် စီရဲ့ကား ၂ စီး မီးလောင်နေတယ်။”

ပူတာအို-မြစ်ကြီးနား ကားလမ်းမ‌ပေါ်မှာ ကေအိုင်အေက စစ်ကောင်စီစစ်ကားတွေကို မကြာခဏ တိုက်ခိုက်‌နေပြီး ပူတာအိုနဲ့ မြစ်ကြီးနားကြား မှာ တရားမဝင်စိုက်ပျိုးထားတဲ့ ဘိန်းခင်းရာချီကိုလည်း KIA၊ PDF ရဲဘော်တွေက မတ်လအတွင်းမှာပဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s