ပဲခူးတိုင်း၊ ပေါင်းတည်နှင့် က၀မြို့နယ်တို့တွင် ပျူစောထီးဟု သတ်မှတ်ခံထားရသူ ၂ ဦး ပစ် ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်နှင့် က၀မြို့နယ်တို့တွင် ပျူစောထီးဟု သတ်မှတ်ခံထားရသူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်ရွာနေ ပျူစောထီးနှင့် စစ်တပ်သတင်းပေး ဟု သတ်မှတ်ခံရသူ အောင်ဝင်းဌေးကို သစ်ပုတ်ရွာအနီးတွင် ပေါင်းတည် ပြည်သူကာကွယ်ရေတပ်ဖွဲ့(PPDF)က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ပေါင်းတည် PDF ၏ သတင်း ပြန်ကြားရေးနှင့် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်ရှဲဒိုးက ပြောဆိုသည်။

ပျူစောထီးနှင့် စစ်တပ်သတင်းပေး ဟု သတ်မှတ်ခံရသူ အောင်ဝင်းဌေးသည် ဖေဖော်ဝါရီလအတွင်း စစ်တပ်က ပေါင်းတည်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ညောင်နီပင်အုပ်စု ရှစ်လုံးတဲတိုက်တွင် ပျူစောထီးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ ၎င်း၏ စနက်ကြောင့် ဖမ်းဆီးခံရသည့် ပြည်သူများရှိပြီး အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများကို အမိန့် ကြိုးကိုင်ထားကြောင်း၊ ရွာစဉ်လှည့်လည် သစ်ဝယ်ရင်း PDF စခန်းများကိုထောက်လှမ်းနေသူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ကဝမြို့နယ် သရက်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်တင်မြင့်ကို သရက်ကုန်းဈေးထဲ၌ ဆက်ကြေးကောက်ယူနေစဉ် ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ကဝမြို့ နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင်တင်မြင့်သည် သရက်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များ အခြားကျေးရွာများသို ဆိုင်ကယ်ဖြင့် လှည့်လည်ရာတွင် ၎င်းကိုယ်တိုင် သေနတ်လွယ် ဆိုင်ကယ်မောင်း၍ နေ့ရောညပါ သတင်းပေးလမ်းပြပြုလုပ်ခြင်း၊ သရက်ကုန်းကျေးရွာဈေးနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက်ခံ၍ စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးထံ ဆက်ကြေးပေးသွင်းခြင်း လုပ်ဆောင်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ပူးပေါင်း၍ သေနတ်ပစ်ဖောက်လေ့ကျင့်ခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်ခြင်း၊ မတရားစွပ်စွဲ၍ ဖမ်းဆီးထောင်ချခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲများ၏ သတင်းကို စုံစမ်းပေးပို့ခြင်းများကို တင်မြင့်က ကျူးလွန်ဆောင်ရွက်နေသဖြင့် ကဝမြိုနယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်း PDF က ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s