ပြည်ကြီးတံခွန်ဆရာတော်ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ

စစ်ကိုင်း၊ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသ နှင့် လူငယ်တချို့ကိုလည်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပြည်ကြီးတံခွန် ဆရာတော်ကို စစ်တပ်က သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ် တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအနီးရှိ PDF စခန်းများကို စစ်တပ်က လိုက်လံစီးနင်း ဖမ်းဆီး သတ်ဖြတ်မှုများ ရှိခဲ့ကာ ပြည်ကြီးတံခွန်ဆရာတော်နှင့် လူငယ်တချို့ပါ ဖမ်းဆီးခံရကြောင်း၊ လူငယ် တချို့ အသတ်ခံရပြီး အလောင်းဖျောက်ခံရကြောင်း၊ စစ်တပ်က သတ်ဖြတ်လိုက်သူများတွင် ပြည်ကြီးတံခွန် ဆရာတော် ပါ ပါဝင်သွားသည်ဆိုသော သတင်းများ ထွက်ပေါ်လာကြောင်း သိရှိရသည်။

“ပြည်ကြီးတံခွန်ဆရာတော်ကို စစ်ကိုင်းမြို့ပေါ် တပ်မ ၃၃ ထဲကို ဖမ်းသွားတယ်ဆိုတဲ့သတင်းတွေထွက်လို့ စုံစမ်းပေမယ့် တပ်ထဲ စစ်ကြောရေးမှာလည်း ရှိမနေဘူး၊ ရဲစခန်းတွေမှာလည်း ရှိနေမဘူး။ ဆရာတော်ကို စစ်တပ်က ဖမ်းမိချိန်မှာ ဖုန်းထဲမှာ ဆရာတော် လုပ်နေတဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေးနဲ့ NUG အပါ အဝင် တော်လှန်ရေးဘက်တော်သားတွေ ဆက်သွယ်ပြောဆိုထားတာတွေ တွေ့လို့ စစ်တပ်က လူဝတ်လဲပြီး ချက် ချင်း သတ်ပစ်လိုက်တယ်၊ မြစ်ထဲ အလောင်းမျှော လိုက်တယ်ဆိုပြီး သတင်းတွေလည်းရထားပါတယ်။ အခုက ဆရာတော်ပျောက် နေတာ ၆ ရက်ရှိနေပြီ။ ဘယ်နေရာမှာမှ ဆရာတော် ရှိမနေဘူး။ ကျနော် တို့လည်း အရမ်းကို စိုးရိမ်နေပြီ” ဟု ဆရာတော်နှင့် ချိတ်ဆက်နေသူ တော်လှန် ရေးသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်ကြီးတံခွန်ဆရာတော်နှင့်အတူ ဖမ်းဆီးရမိသော လူငယ်များကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပြီး မြစ်ထဲသို့ အလောင်းများ မျှောချလိုက်ကြောင်း၊ အနည်းဆုံး လူငယ် ၇ ဦးထက်မနည်း အသတ်ခံရပြီး အလောင်းတချို့ ပြန်လည် ရရှိထားကြောင်း သိရှိရသည်။

ပြည်ကြီးတံခွန်ဆရာတော်ကို ဖမ်းဆီးသွားသော စစ်ကြောင်းမှာ စစ်ကိုင်းမြို့ နယ်၊ တာတိုင်ကျေးရွာတွင် အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်တပ် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s