ဘုတလင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၊ဒေသခံပြည်သူ ၉၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်အတွင်း မတ်လ ၁၀ ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူ ၉၀၀၀ ခန့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်သည် ဘုတလင်မြို့နယ်မှ ဇီးတော၊ပိုးကုန်း၊မြို့ပေါ်၊ သားရိုးကုန်း ကျေးရွာများကို စစ်ကောင်းထိုးနေပြီး ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ဖျက်ဆီးနေကြာင်း ဒေသခံများကပြောသည်။

“ စစ်ကောင်စီတပ်က လူကြီး၊လူငယ်မရွေးပစ်သတ်နေတာဆိုတော့ အသံကြားတာနဲ့ လွတ်ရာပြေးရတာပေါ့။ ရာသီဥတုကလည်းပူပူနဲ့ သောက်ရေသုံးရေ အတွက် အခက်အခဲတော်တော်ဖြစ်နေတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသော ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဇီးတော၊ပိုးကုန်း၊မြို့ပေါ်၊ သားရိုးကုန်းကျေးရွာများမှ ဒေသခံလူဦးရေ ၉၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ စစ်ဘေးရှောင်များအားလုံး အခက်အခဲမျိုးစုံရင်ဆိုင်နေရကြောင်းသတင်းရရှိသည်။

ယနေ့ မတ်လ ၁၁ရက် နံနက်ပိုင်းရရှိသော သတင်းများအရ စစ်ကောင်စီစစ်ကြောင်းသည် သားရိုးကုန်းကျေးရွာသို့ ရောက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်အခြေအနေတင်းမာနေကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s