မတ္တရာ၊ တောပုရွာအဝင် ငွေညှစ်နေသော စစ် သားများကို ဒရုန်း ၄ စီးဖြင့် တစ်ပြိုင်တည်း ဗုံးကျဲ
မန္တလေးတိုင်း၊ တောပုကျေးရွာအဝင် ပြည်သူလူထုကို စစ်ဆေး ငွေညှစ်နေသော စစ်သား များကို ဒရုန်း ၄ စီးဖြင့် တစ်ပြိုင်တည်း ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် တောပုကျေးရွာအဝင် ဖြတ်သွား၊ ဖြတ်လာ ရွာသူ၊ရွာသား မှန်သမျှကို စစ်ဆေးပြီး ငွေညှစ်တောင်းခံနေသော အကြမ်းဖက်စစ်သား ၉ ဦးခန့်ကို ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၄ လုံး တစ်ပြိုင်တည်း ကျဲချ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် သားထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။
“ဂိတ် ဖွင့်ထားတာ တော့မဟုတ်ဘူး၊ ငတ်လို့ထွက်တောင်းတာနေမှာ၊ ပြန်ပစ်တာမျိုးတော့မရှိဘူး၊ ညပိုင်း ကျရင်တော့ တောပုဘုန်းကြီး ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာတော့ ရှိတယ်၊ စစ် ခွေးတွေနဲ့ရောရော နှောနှောနေထိုင်တဲ့ တောရွာပုရွာသားတွေလည်း ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့ရင် တာဝန်ယူမှာမဟုတ်ဖူးဆိုတာ အသိ ပေးချင်ပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယမန်နေ့ မတ်လ ၉ ရက်နေ့တွင်လည်း တောပုရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော အ ကြမ်းဖက်စစ်သား ၅၀ ခန့်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သေးကြောင်း၊ စစ်သား ထိခိုက် သေဆုံးမှု မသိရသေးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။khit thit