ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ် ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်​ဆေး​နေ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုက ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်အရွယ်ရှိ မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ) ကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့ ဖြစ်ပြီး ယင်းတို့ နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန်အောင်မြို့ တံတားအကျော်တွင် စစ်ကောင်စီတပ် သားများက တားဆီး စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့ခံ တစ်ဦးက “ဒီ အမျိုးသမီးနှစ်ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာပါ၊ ဘာမှ မလုပ်ဘဲ ဖုန်းဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်”ဟု Western News ကို ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံ အဆိုပါ အမျိုးသမီးနှစ်ဦးကို ကလိန်အောင် မြို့မရဲစခန်း၌ ဖမ်းဆီးစစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် အမှတ် ၄၁၀ ခြေမြန်တပ်ရင်း၏ စစ်ကြောရေးသို့ ပို့ဆောင်ပြီး ထပ်မံ စစ်ဆေးနေကြောင်း အမည်ဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ကလေးမလေးတွေက ဘာမှ လုပ်တာ မဟုတ်ဘူး သာမန် ပြည်သူတွေပါ အကြောင်းမဲ့ ဖမ်းဆီးခံရတာ ဖြစ်တယ်” ဟု ဇင်ဘာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

အမှတ် ၄၁၀ ခြေမြန်တပ်ရင်း သည် ကလိန်အောင်မြို့ အခြေစိုက် တပ်ရင်း တစ်ခု ဖြစ်ပြီး ရေဖြူမြို့နယ်ရှိ ကလိန်အောင်မြို့နှင့် ရေတပ်စခန်းရှိသည့် ကံပေါက်ဒေသတို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ဆိုင်ကယ်စီးခွင့် ပိတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ကံပေါက်ဒေတွင် ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် စစ်ကောင်စီခန့် အုပ်ကြီးပျူစောထီးခေါင်းဆောင်ဖြစ်သူနှင့် စစ်တပ်ပိုင် မြ၀တီ သတင်း ထောက် ဆိုသူ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခံရပြီးနောက်လက်ရှိ အချိန်အထိ ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့တို့တွင် စစ်ကောင်စီက ဒေသခံ ပြည်သူများကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက်ပိုင်း ကံပေါက်ဒေသနှင့် ကလိန်အောင်တို့တွင် ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်မရှိဟုဆိုကာ ပြန်လွတ်ပေးသူများရှိသလို လက်ရှိ အချိန်အထိ ဖမ်းဆီးထားသူများလည်း ရှိနေ၍ အရေး အတွက်ကိုမူ အတိအကျ မသိရကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s