NLD နာယက ဦးတင်ဦးအား ပါတီမှထုတ်ပယ်လိုက်သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ဦးဖြိုးမင်းသိန်းအပါအဝင် အဖွဲ့ဝင်လေးဦးအား ပါတီမှထုတ်ပယ်ကြောင်း ကြေညာအပြီးတွင် ပါတီနာယက ဦးတင်ဦးအပါအဝင်ခြောက်ဦးကို အကြမ်း ဖက်စစ်တပ်နှင့် အဆက်အစပ်ရှိသဖြင့် ပါတီမှထုတ်ပယ်ကြောင်းကြေညာချက် တစ်ခုထွက်ပေါ်လာသည်။

“Ye Kyaw Zwa” အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက မတ်လ ၄ ရက်နေ့တွင် ပါတီနာယက အပါ အဝင်ခြောက်ဦးကို ပါတီမှထုတ်ပယ်ကြောင်း ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖေ့စ်ဘုတ် ပေ့ချ်မှ ဖော်ပြထားပြီး ပြန်ဖျက်လိုက်ကြောင်း ရေးသားထားသည်။ မှတ်ချက်တွင် အခြားသူတစ်ဦးက ထို ထုတ်ပြန်ချက်အတုကို ဖြန့်ဝေထားသည်။

အလားတူ ထုတ်ပြန်ကြေညာချက်ကို NLD ပါတီ ဖေ့ဘုတ်ပေ့ချ်တွင် တင်ထားသယောင် စခရင်ရှော့ (Screenshot) ပုံများဖြင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်များ၊ အကောင့်များတွင် ထပ်ဆင့်ဖြန့် ဝေမှုများ ရှိခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အား မဇ္ဈိမမှအချက်အလက် စစ်ဆေးခဲ့ရာတွင် NLD ပါတီ၏ထုတ်ပြန်ချက်မဟုတ် ကြောင်းတွေ့ရသည်။ NLD ပါတီသည် ၎င်းတို့၏ ထုတ်ပြန်ချက်များကို တရားဝင်စာမျက်နှာ National League of Democracy မှတဆင့်ထုတ်ပြန်လေ့ရှိသော်လည်း မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ဦးဖြိုးမင်းသိန်း အပါအဝင် ပါတီဝင်လေးဦးအားထုတ်ပြန်ကြောင်း ကြေညာချက်သာရှိသည်။

NLD ပါတီထုတ်ပြန်ချက် – https://bit.ly/3IV2Od5

NLD ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ဒီစာ ကလည်း ကလိန်ကကျစ် ဖက်စစ် စစ်တပ်ရဲ့ အကြံကုန်ဂဠုန်ဆားချက်နည်းလမ်းပါပဲ” ဟုဆိုကာ ထုတ်ပြန် ချက်အတုဖြစ်ကြောင်း ဆိုထားသည်။ လင့် – https://bit.ly/3Je4FeE

အမျိူးသားညီညွတ်ရေးအစိုးရ၏ရုပ်သံဖြစ်သည့် Public Voice က TVလည်း NLD ပါတီ၏ ထုတ်ပြန်ချက် အတုတစ်စောင် လူမှုကွန်ရက်တွင်ပျံ့နှံ့နေကြောင်းအသိပေးထားသည်။ လင့် – https://t.me/pvtvmyanmar/6337

မဇ္ဈိမအနေဖြင့် NLD ပါတီ၏ တရားဝင် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် ဗဟိုအလုပ်မှုဆောင်ကော် မတီ၏ email သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “လုံးဝမဟုတ်ပါ” ဟု ပြန်လည်အကြောင်းပြန်မှု ရခဲ့သည်။

ထို့ကြောင့် NLD ပါတီနာယကဦးတင်ဦးအပါအဝင်ခြောက်ဦးကို ပါတီမှထုတ်ပယ်သည့် ကြေညာချက်မှာ အတုသာ ဖြစ်ကြောင်းဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s