ကန့်ဘလူတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်




khit thit
khit thit
စစ်ကိုင်းတိုင်း ပုလဲမြို့၊ ပုလဲ-ကန့်ဒေါင့်-ဂန့်ဂေါသွားကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို မတ် ၁၂ ရက် မနက် ၁၁ နာရီကျော်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သခင်ဒေါင်းညိုအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ အလစ်ဝင်ရောက်ပစ်ခဲ့တာ။ ရဲတဦးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ လက်နတ်ကောက်ဖို့ ကြိုးစားခဲ့သေးတယ်။ အချိန်က သိပ်မရတာနဲ့မကောက်ခဲ့ရဘူး။ သူတို့စခန်းက ပုလဲမြို့နဲ့ ကန့်ဒေါင့်စခန်းကြားမှာရှိတာကြောင့် အချိန်မရွေး စစ်ကူလာနိုင်တာကြောင့် အမြန်ပစ်ဆုတ်ဆုတ်ပြီး ထွက်ခွာခဲ့တယ်” လို့ သခင်ဒေါင်းညိုအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုလဲဒေသခံတဦးက “ရုတ်တရက် ပစ်ခတ်သွားတယ်ဗျ။ ပစ်သံကြားလိုက်တာက ၁၅ မိနစ်ကျော်ကျော် ၂၀ မိနစ်လောက်ကြာမယ်။ သူတို့ပစ်ကြတော့ ပြည်သူတွေ ပုန်းကြရတာပေါ့ဗျာ။ နေ့တိုင်း သတိနဲ့ နေရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပုလဲမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး တလအတွင်း စစ်ကြောင်းထိုးတာတွေ ခပ်စိတ်စိတ်ပြုလုပ်နေသလို ကျေးရွာတွေကိုလည်း မီးရှို့နေတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာနဲ့ ကျီးပင်ချောင်ရွာကြားမှာ မတ် ၁၁ ရက် မနက် ၈ နာရီခွဲက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နမခစစ်တပ်ကနေ မတ် ၉ ရက်က စတင်စစ်ကြောင်းထိုးလာပြီး ပိုးကုန်းရွာကို ဝင်ရောက်လာကာ မတ် ၁၀ ရက်မှာ အဆိုပါရွာမှာ အထိုင်ချနေထိုင်ပြီးနောက် မတ် ၁၁ ရက်မှာ ဘုတလင်မြို့ဘက် စစ်ကြောင်းထိုးရင်း အခုလိုမိုင်းဆွဲခံရတာလို့ ဆိုပါတယ်။
ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေး LPDF အဖွဲ့ဝင်တဦးက “ဒီကောင်တွေ တက်လာတည်းက ဒေသခံတွေ နေရ၊ထိုင်ရတာ အဆင်မပြေကြဘဲ အကုန်ထွက်ပြေးနေကြရတယ်။ မနေ့ကလည်း သူတို့ တပ်ဆွဲထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်။ ဒီနေ့လည်း ဘုတလင်မြို့ဘက်ထွက်တာကို စောင့်ပြီး မိုင်းဆွဲခဲ့တယ်။ အသေအပျောက်တော့ အတိအကျမသိဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျဆုံး မရှိခဲ့ဘူး။ လက်ရှိ အနေအထားကတော့ ဘုတလင်မြို့ထဲ ရောက်သွားပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စတင်စစ်ကြောင်းထိုးလာချိန်မှာ ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ရှောင်နေရပြီး လက်ရှိအချိန် ဘုတလင်မြို့ထဲဝင်သွားတာကြောင့် ကျေးရွာအတွင်း ပြည်လည် ဝင်ရောက်နေထိုင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ နည်းပညာတက္ကသိုလ်က စစ်ကောင်စီတပ်ကို မတ် ၁၁ ရက် ညမှာ ကလေး PDF အဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ကာ ကလေးတောင်ပိုင်းက ဒေသခံကာကွယ်ရေး တပ်နဲ့အတူ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကလေးPDF တပ်ဖွဲ့တဦးက “GTC ကျောင်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ကျောင်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ကနေ ညှပ်တိုက် ခိုက်ခဲ့တာ။ ၆၀ မမနဲ့ အဓိကထား ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေရှိနိုင်တယ်။ အတည်ပြုလို့တော့ မရဘူး” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ပြန်ပစ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။DVB
ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်နီတပ်မတော်(KA)တပ် စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလု့းအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်ပင် အထိနာပြီး စစ်သားအလောင်း ၂ လောင်းနှင့် ခဲယမ်းများ စွန့်ပစ်ကာထွက်ပြေးသွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ မတ်လ ၁၁ ရက် နေ့လည် ၁၁ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ၊ BP အမှတ် ၈ နှင့် ၉ ကြားရှိ ကရင်နီတပ်မတော်(KA) တပ်ရင်း ၃ ၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီ၏ ခမရ ၃၃၇ က ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ပေးပြီး ခမရ ၃၃၄ နှင့် ခမရ ၅၁၉ တပ်တို့က အနီးကပ် တက်ရောက်တိုက်ခိုက် သိမ်းပိုက်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ကရင်နီတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် အထိနာပြီး ညနေ ၆ နာရီခန့်တွင် ပြန်ဆုတ်ပြေးသွားကြောင်း၊ KA တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ခုခံနိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က ၆ နာရီလောက်ပြန်ဆုတ်ပြေးတာဆိုတော့ ညတွင်းချင်းနယ်မြေရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘူး၊ ဒီနေ့မနက်မှ နယ်မြေရှင်းလင်းတဲ့အချိန်မှာ စစ်သား အလောင်းနှစ်လောင်းနဲ့ ခဲယမ်းတွေ တွေ့ရှိသိမ်း ဆည်းနိုင်ခဲ့တာ၊ လက်နက်တော့မပါဘူး၊ ဗုံးသီးတို့၊ ဆိုလာပြားတို့၊ ခဲယမ်းတို့ပေါ့၊ ဒီနေ့ကတော့ တိုက်ပွဲ ဖြစ်တာမရှိပါဘူး” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်မှ ကယားပြည်နယ်အတွင်း ကျူးကျော်နိုင်ရန် ရှမ်း-ကယားနယ်စပ်မှတဆင့် ဒီး မော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း၊ အကြမ်းဖက် စစ် တပ်ဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများသောင်းနှင့်ချီကာ တောတောင်များအတွင်းထွက် ပြေးကာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ khit thit
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ကိုးမှုကိုစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးအပတ်က အပြီးသတ်စီရင်ချက်ချမှတ်ပြီး ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်း အဝိုင်းမှ သိရသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအမိန့်ချထားသည့် ပို့ကုန် သွင်းကုန်အမှု၊ ဆက်သွယ် ရေး အမှု၊ သဘာဝဘေး နှစ်မှု၊ ပုဒ်မ ၅၀၅ (ခ)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ဆက်စပ်စွဲဆိုထားသည့် အမှုလေးမှု၏အယူခံများကို အောက်တရားရုံးများကပယ်ချခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ အဆင့်ဆင့် တက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည့်အမှုများတွင် သမ္မတဦးဝင်းမြင့်၏ အမှုနှစ်မှုလည်း ပါဝင်သည်။
ထိုသို့ ပယ်ချလိုက်သည့်အမှုများကို အထူးအယူခံ ဆက်တက်ရန်အတွက် လက်ရှိတွင် ပြင်ဆင်နေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြော သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင်တို့အနေဖြင့် ၎င်းတို့အပေါ် စွပ်စွဲအမိန့်ချမှတ်ထားသည့်အမှုများအားလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်လျက်ရှိသော်လည်း ယင်းအမှုများ အားလုံး ပယ်ချခံရလျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအယူခံ နှစ်မှုကို စစ်ကောင်စီလက်အောက်ခံတရားလွှတ် တော်ချုပ်က အယူခံအခွင့်အရေးမပေးဘဲ ပလပ်ခဲ့သေးသည်။
လက်ရှိတွင် အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။
နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုကိစ္စများဆွေးနွေးနိုင်ရန်အတွက် တွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယ ပတ်က စစ်ကောင်စီထံ တင်ပြထားသော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံခွင့်မပေးသေးသည့်အတွက် လာမည့်တစ်ပတ်တွင် စာဖြင့် ထပ်မံတင်ပြရန်ပြင်ဆင်နေကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ mizzima
နေပြည်တော်တွင် လရောင်တောစီမံကိန်းဆောင်ရွက်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လျှောက်ထားရယူခဲ့သည့် မြေနေရာများကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီဘက်မှ ပြင်ဆင်မှုတက်ထားခြင်း ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ လျှောက်ထားချက်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နှစ်ဖက်လျှောက်လဲ ချက်ကြားနာခဲ့ပြီးနောက် ဖေဖော် ဝါရီလ ၂၂ ရက်နေ့တွင် အပြီးသတ် စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ နေပြည်တော် ဉတ္တရသီရိမြို့နယ်ရှိ မြေ ၁၀၁ ဒသမ ၃၃ ဧက၊ ပုပ္ဗသီရိမြို့ နယ်ရှိ ၂၃ ဒသမ ၈၅၅ ဧကနှင့် လ ရောင် တောစီမံကိန်း မြေနေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောက်လုပ်ထားသည့် တစ်ထပ်အဆောက်အဦးတို့ကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီ၏ ဉပဒေရေးရာဝန်ကြီးဌာနက ပြင်ဆင်မှုလျှောက်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အပြီးသတ်စီရင်ချက်ချမှတ်ပြီးဖြစ်သော်လည်း ယင်းကိစ္စအတွက် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တွင် အထူးယူခံဆက်တက် နိုင်သေးကာ စစ်ကောင်စီ၏ဉပဒေရေးရာဝန်ကြီးဌာနဘက်က အထူး ယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။
အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ တို့ကို အဂတိဖြင့်စွပ်စွဲကာ တစ်မှုလျှင်ထောင်ဒဏ်သုံးနှစ်စီဖြင့် ပြစ်ဒဏ်များတပေါင်းတည်းကျခံရန် အမိန့် ချမှတ်ထားသည်။mizzima
ကယားပြည်နယ်မှ ရဲဘော်ဟောင်းတဦးဟာ စက်ရုပ်တင့်ကားတစီးကို တီထွင်ထုတ်လုပ် လိုက်နိုင်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ဒီနေ့ မနက် Video နဲ့တကွ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရှေ့တန်း မြေပြင်တိုက်ပွဲတွေမှာ ရဲဘော်တွေ အထိအခိုက် နည်းအောင် Battle ပွဲတွေမှာ တဖက်ကနေ ဒီလို robot တွေကို အသုံးချနိုင်အောင် လုပ်ဆောင်ခဲ့တာလို့ ထီထွင်သူ ရဲဘော်အုပ်ကြီးက ပြောပါတယ်။
“Bot Tank Sentry အမျိုးအစားမှာ Pilot နှစ်ယောက်ပါ၊ တယောက်က tank ကို မောင်းမယ်။ နောက်တယောက်က Trigger ပေါ့။”
ဒါကို ထီထွင်ဖို့ရာ အလှူငွေနည်းတာကြောင့် အချိန်ယူလုပ်ခဲ့ရပြီး ဒီဘက်ကို အားပေးတဲ့ အဖွဲ့အစည်းတခုခုကနေ ကူညီပေးတာမျိုးဆို ပိုကောင်းတယ်လို့ တော်လှန်ရေးရဲဘော်ဘဝကနေ နားပြီး နည်းပညာနယ်ပယ်မှာ ပြန်လုပ်နေတဲ့ ရဲဘော်အုပ်ကြီးက ပြောပါတယ်။
“ကျနော်တို့က Team တခုအနေနဲ့လုပ်နေတယ်။ လူက ငါးယောက်ပဲ။ အဲဒီထဲမှာ ကျနော်က ဦးဆောင်းပေးပြီး နည်းပညာပိုင်း လုပ်ဆောင်နေပါတယ်။ ဒါတွေကိုလည်း တပ်ရင်း တပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်တပ်ရင်း တပ်ဖွဲ့တွေမှာ နည်းပညာပိုင်းတွေ ပိုပြီး အကောင်အထည်ဖော် ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်ရင် ပိုကောင်းတယ်။ လုပ်တော့ လုပ်နေကြတယ်။ နည်းပညာသမား နည်းတော့ အားနည်းချက်တွေ မြင်တွေရတယ်။ ကျနော်အနေနဲ့ ချိတ်ဆက်မှု ရှိလာရင်လည်း ပြန် sharing လုပ်သွားမှာပါ။”
စက်ရုပ် တင့်ကားရဲ့ ထီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ကျပ် ၃၅ သိန်းရှိပြီး ပစ်ခတ်နိုင်စွမ်းက ပေ ၃၀၀ လောက်အထိ ရောက်တယ်လို့ သိရပါတယ်။ DVB
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးနယ်ရှိ ရင်းငြိမ်နယ်မြေရဲစခန်းအား မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
SOF ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးနှစ်လုံးချိတ်ဆွဲကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရင်းငြိမ်ရဲစခန်းသို့ တိတိ ကျကျ ထိမှန်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲခံရမှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်း SOF တပ်ဖွဲ့၏ တာဝန်ရှိသူ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။
“ပစ်မှတ်ကို တိတိကျကျ ထိတယ်။ ပစ်မှတ်ကနေ စခန်းရဲ့အရှေ့ဘက်နဲ့အနောက်ဘက်ကို ထွက်ပြေး လာတဲ့ရဲတွေကို ဗီဒီယိုထဲမှာလည်း မြင်ရတယ်။ ဗုံးကြဲပြီး ၁၅ မိနစ်လောက်မှာ လူနာတင်ကားတစ်စီး ရောက်လာပြီး မိနစ် ၂၀ လောက်အကြာမှာ ပြန်ထွက်သွားတာလည်းရှိတော့ လေးဦးငါးဦးလောက်တော့ ထိခိုက်သေဆုံးမှုရှိမယ်လို့ မှန်းထားပါတယ်” ဟု ၎င်းကပြောသည်။
ဗုံးကြဲစစ်ဆင်ရေးပြုလုပ်အပြီး နာရီဝက်ခန့်အကြာတွင် သထုံမြို့နယ်အခြေစိုက် ခလရ(၂၄)နှင့် ခမရ(၁) တို့မှ စစ်ကားလေးစီးဖြင့် စစ်ကောင်စီတပ်သားများ ရင်းငြိမ်ရဲစခန်းသို့ရောက်လာပြီး စခန်းအနီးတဝိုက် အား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ဒေသခံများအားမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ရင်းငြိမ်ကျေးရွာမှ မြို့နယ်ပြည် သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနှင့် ပေါင်မြို့နယ် USDP ပါတီကိုယ်စားလှယ်လောင်း ဦးကိုကိုလေးတို့ကို လည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းခဲ့သေးသည်။mizzima
khit thit
ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)၊PDF ပူးပေါင်းတပ်ဖွဲ့ဝင် လေးဦးနှင့် အရပ်သားပြည်သူငါးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ မတ်လ ၁၁ရက် နေ့လည်က ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာမှ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ပိတ်ဆို့ဖမ်းဆီးသွားခြင်းဟုဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
“သတင်းအတိအကျ ရထားတဲ့ပုံစံပဲ။ယဉ်ကျေးမှုရုံးထဲမှာ အစည်းအဝေးလုပ်နေတဲ့ချိန် စစ်တပ်က တစ်ခါတည်းဝိုင်းပြီး ဖမ်းသွားတာဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းဖားကန့် သတင်းရင်းမြစ်က ပြောသည်။
ဖားပြင်ကျေးရွာကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ စစ်ကောင်စီတပ်သားများက ကားလေးစီးဖြင့် သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး အစည်းအ ဝေးလုပ်နေသူများအပြင် ရုံးစောင့်အမျိုးသားကိုလည်း ဖမ်းခေါ်သွားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
“ဖမ်းသွားတဲ့ထဲမှာတော့ ဒီကဒေသခံတွေပိုများတယ်။ လောပန်းတချို့လည်း ပါသွားတယ်လို့ ပြောတယ်။ ရိုးရာရုံးစောင့်တဲ့ အစောင့်ကိုလည်း သူတို့ခေါ်သွားတော့ အတိအကျပြန် ပြောဖို့ခက်နေသေးတယ်” ဟု သတင်းရင်းမြစ်က ဆက်ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖားပြင်ကျေးရွာကချင်ရိုးရာယဉ်ကျေးမှုခြံဝင်းထဲရှိ Landcruiser ကားအဖြူရောင်တစ်စီး၊ Klugerကား အနက်ရောင်တစ်စီးနှင့် Wish အဖြူရောင်တစ်စီးကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။ထို့အပြင် ဖားပြင်ကျေးရွာအပါအဝင် ဖားကန့်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ်များတွင် လိုက်လံစစ်ဆေးမှုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
အခုရက်ပိုင်းတွင် ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေပြီး နေရာအနှံ့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သ တင်းရရှိသည်။ ယခုသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။ ကေအိုင်အိုဗဟိုကော်မတီထံဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။ mizzima
စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများတွင် အင်အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါ ဝင်ကြရန် Saw Dragon Drone Force – SDDF က ဖိတ်ခေါ်လိုက်သည်။
Saw Dragon Drone Force – SDDFအဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် ၁ နှစ်ပြည့်မည်ဖြစ်ပြီး လက်ရှိတွင် ကောင်းကင်ယံတွင် ဒရုန်းများဖြင့် ပျံဝဲ ချေမှုန်းမည့် 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် မဲလက်မှတ်များ ရောင်းချနေကြောင်း ၊ 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် ဒရုန်းများ၏ တိုက်ခိုက်စွမ်းရည်နှင့် နည်းပညာအရည်အသွေးများ တိုးတက်စေရေး ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ဒရုန်းတစ်စီးလျှင် ထိုင်းဘတ် ငွေ ၁ သိန်း ခွဲတန် ကျသင့်သည့် ဒရုန်း ၅ စီးအတွက် ထိုင်းဘတ်ငွေ ၇ သိန်း ၅ သောင်း ရရှိရေး လျာထားကြောင်း သိရှိရသည်။
𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် မဲလက်မှတ်အနေဖြင့် တစ်စောင် လျှင် ၁၀,၀၀၀ကျပ် ဖြစ်ပြီး လက်မှတ်အစောင် ၆၅၀၀၊ လက်မှတ်နံပါတ်စဉ် ၀၀၀၁ မှ ၆၅၀၀ထိရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်မှတ်များကို Saw Dragon Drone Force – SDDF၏ လူမှုကွန်ရက် https://www.facebook.com/sawdragondroneforce နှင့် Saw Dragon Drone Force – Battalion-1 တပ်ခွဲ(၁) ၏ လူမှုကွန်ရက် https://www.facebook.com/profile.php?id=100075994804531 တို့တွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
မဲအစောင်ရေ ၆၅၀၀ ထဲမှ ကံထူးသူ ၅ ဦးကို မတ်လ ၁၇ ရက်နေ့တွင် ပန်းချီ (ယဉ်) ရေးဆွဲသည့် ပန်းချီကား ၅ ချပ်ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကံစမ်းမဲလက်မှတ်အစောင် ၂၀ နှင့်အထက်ဝယ်ယူသူများကို ဒရုန်းဖြင့် စစ် တပ်ကို ဗုံးကျဲချိန်တွင် ဗုံးသီးတွင် တော်လှန်ရေးအတွက် ရေးချင်သည့် စာသားများကို ရေးသားပေးပြီး စစ်တပ်ကို မစ်ရှင် တိုက်ခိုက်ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်တမ်းများကိုလည်း ကံစမ်းမဲဝယ်သူများထံ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။ khit thit