ကလိန်အောင်မြို့တွင် အမျိုးသမီး ၂ ဦးကို စစ်တပ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ မတ် ၉ ရက်က အသက် ၁၈ နှစ်ဝန်းကျင် အမျိုးသမီးငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ ကလိန်အောင်မြို့နယ်၊ နွယ်လီရွာ(ကျောက်ရှပ်ရွာခွဲ)က မသက်မြတ်နိုးနဲ့ ဇင်းဘာရွာက မကေသီသီလင်းတို့ ဖြစ်ပါတယ်။

ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်နေသူ တဦးက “တယောက်က ကလိန်အောင်မြို့အထွက် တံတားမှာ စောင့်ဖမ်းခံလိုက်ရတဲ့ပုံစံမျိုးပါ။ တံတားမှာက စစ်ဆေးတာတွေ သိပ်မလုပ်ဘူး။ ကားတွေဖြတ်ရင်သာ မျှောစာတွေ ဘာတွေ စစ်တာ။ နောက်တယောက်က ညပိုင်းမှ အိမ်မှာပဲ လာခေါ်သွားတာပါ“ လို့ ပြောပါတယ်။

အဲဒီအမျိုးသမီး ၂ ယောက်ကို လတ်တလော ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့သိရပါတယ်။ 

သူတို့ ၂ ဦး အဖမ်းခံခဲ့ရတဲ့အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မတ် ၁၁ ရက် ညနေပိုင်းအထိ ပြန်လွတ်လာခြင်းမရှိသေးပါဘူး။

၂၀၂၂ ခုနှစ် သြဂုတ်လကလည်း ကလိန်အောင်မြို့ ၊ အမှတ် ၁ ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦး  Kpay ကတဆင့် တော် လှန်ရေးအင်အားစုတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာပဲ ဖမ်းခဲ့ပြီး ပုဒ်မ ၅၀ ည ၊ ၅၂ က တွေနဲ့ တရားစွဲခံရကာ ထောင် ၁၀ နှစ် ချခဲ့ ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s