ချင်းပြည်နယ်သို့ တက်လာသော စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး ဟုဆို

ကလေးမြို့မှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီစစ်ကြောင်းကို ချင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ Civic Defense Militia – CDM – Siyin တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကလေး- ဖလမ်း လမ်းမကြီးအသုံးပြုကာ ချင်းတောင်သို့ တက်လာသော စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင်လည်း နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအထိ ၁၀ ကြိမ် ထပ်မံ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို CDM – Siyin နှင့်အတူ Mountain Eagle Defence Force ၊ CDF – KKG တို့နှင့် ပူးပါင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုအခါတွင် ကလေးမြို့နှင့် တီးတိန်းမြို့ ဆက်သွယ်ထားသော လမ်းမကို ပြန်လည် အသုံးပြုနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၇ ရက်နေ့တွင် ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် သံ ချပ်ကာ ကားနှစ်စီးအပါအဝင် ချောဆွဲခံထားရသော အရပ်သား ကုန်တင်ကား အစီး ၃၀ ခန့်ဖြင့် ထပ်မံချီတက်လာခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s