စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများ အင် အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်

စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများတွင် အင်အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါ ဝင်ကြရန် Saw Dragon Drone Force – SDDF က ဖိတ်ခေါ်လိုက်သည်။
Saw Dragon Drone Force – SDDFအဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် ၁ နှစ်ပြည့်မည်ဖြစ်ပြီး လက်ရှိတွင် ကောင်းကင်ယံတွင် ဒရုန်းများဖြင့် ပျံဝဲ ချေမှုန်းမည့် 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် မဲလက်မှတ်များ ရောင်းချနေကြောင်း ၊ 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် ဒရုန်းများ၏ တိုက်ခိုက်စွမ်းရည်နှင့် နည်းပညာအရည်အသွေးများ တိုးတက်စေရေး ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ဒရုန်းတစ်စီးလျှင် ထိုင်းဘတ် ငွေ ၁ သိန်း ခွဲတန် ကျသင့်သည့် ဒရုန်း ၅ စီးအတွက် ထိုင်းဘတ်ငွေ ၇ သိန်း ၅ သောင်း ရရှိရေး လျာထားကြောင်း သိရှိရသည်။
𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် မဲလက်မှတ်အနေဖြင့် တစ်စောင် လျှင် ၁၀,၀၀၀ကျပ် ဖြစ်ပြီး လက်မှတ်အစောင် ၆၅၀၀၊ လက်မှတ်နံပါတ်စဉ် ၀၀၀၁ မှ ၆၅၀၀ထိရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်မှတ်များကို Saw Dragon Drone Force – SDDF၏ လူမှုကွန်ရက် https://www.facebook.com/sawdragondroneforce နှင့် Saw Dragon Drone Force – Battalion-1 တပ်ခွဲ(၁) ၏ လူမှုကွန်ရက် https://www.facebook.com/profile.php?id=100075994804531 တို့တွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
မဲအစောင်ရေ ၆၅၀၀ ထဲမှ ကံထူးသူ ၅ ဦးကို မတ်လ ၁၇ ရက်နေ့တွင် ပန်းချီ (ယဉ်) ရေးဆွဲသည့် ပန်းချီကား ၅ ချပ်ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကံစမ်းမဲလက်မှတ်အစောင် ၂၀ နှင့်အထက်ဝယ်ယူသူများကို ဒရုန်းဖြင့် စစ် တပ်ကို ဗုံးကျဲချိန်တွင် ဗုံးသီးတွင် တော်လှန်ရေးအတွက် ရေးချင်သည့် စာသားများကို ရေးသားပေးပြီး စစ်တပ်ကို မစ်ရှင် တိုက်ခိုက်ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်တမ်းများကိုလည်း ကံစမ်းမဲဝယ်သူများထံ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။ khit thit