စစ်ကောင်စီ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် မတ်လကုန်တွင် အလွတ်သဘောတွေ့ဆုံမည်ဟု အပစ်ရပ်(၇) ဖွဲ့ဆို

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သည့် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင် ၇ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ(NSPNC)တို့ လာမည့် မတ်လကုန်တွင် အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

တစ်ဖွဲ့ချင်းစီတွေ့ဆုံလေ့ရှိသည့်အစား ၇ ဖွဲ့စုပေါင်း၍ အလွတ်သဘောဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ရ ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမသို့ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ အရင်ကလိုမျိုး တစ်ဖက်ကခေါ်တဲ့ အချိန်နဲ့ နေရာ၊ တစ်ဖက်ကဆွဲထားတဲ့ အစီအ စဉ်အတိုင်း လိုက်ပါပြောဆိုဆွေးနွေးရတာ ကျနော်တို့အတွက် အခက်အခဲရှိတယ်။ ပေါ့ပေါ့ပါးပါးမရှိတဲ့ အတွက်ကြောင့် ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်မှာ နှစ်ဖက်စလုံးက ပိုင်ဆိုင်တဲ့ဆက်သွယ်မှုဖြစ်အောင် ကျနော်တို့ အလွတ်သဘောညှိနှိုင်းရေးအဖွဲ့က စတင်ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တာရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တွေ့ဆုံမည့်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ ဖြစ်သည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ် မတ်လကုန်၌တွေ့ဆုံနိုင်ရန် သဘောတူညီမှုရထားပြီး အစည်းအဝေး အသေး စိတ်နှင့်ပတ်သက်ပြီး အတိအကျမပြောနိုင်သေးကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောသည်။

အဆိုပါ အပစ်ရပ် ၇ ဖွဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက်ကိုယ်စား လှယ်အနည်းငယ်ဖြင့် အလွတ်သဘောတွေ့ဆုံမှုများ သိုသိပ်စွာစတင်နိုင်ရန် ကမ်းလှမ်းခဲ့သော်လည်း စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့သည်။

“ရှမ်းပြည်အမျိုးသားများနေ့မှာ NSPNC ကခေါင်းဆောင်နဲ့ ကျနော်တို့တွေ့ဆုံမှုတွေ လုပ်ခဲ့နိုင်တယ်။ အဲဒီကနေ ကျနော်တို့ အလွတ်သဘော ဆွေးနွေးမှုပြောဆိုမှုတွေလုပ်နိုင်တယ်။ အဲဒီတွေ့ဆုံမှုကို ပြည်ပမှာ တွေ့ဆုံတယ်လို့ပဲသဘောထားပြီး ကျန်တဲ့အဆင့်တွေကို ပြည်တွင်းမှာပဲတွေ့ဖို့ နှစ်ဖက်နားလည်မှုလို့ပဲ ပြောမလား ကျနော်တို့ဆက်သွားဖို့ အစီစဉ်ရှိတယ်” ဟု ၎င်းကဆိုသည်။

အကယ်၍ မတ်လကုန်တွင်တွေ့ဆုံဖြစ်ပါက ပြည်ပတွင်တွေ့ဆုံတော့မည်မဟုတ်ဘဲ ပြည်တွင်း၌သာတွေ့ မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s