တနင်္သာရီတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ၉ ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွန်ကျေးရွာအုပ်စုရှိ ကမ်းတို ကျေးရွာအနီးတွင် မတ်လ ၁၀ ရက်နေ့က မြိတ်ဖက်မှတက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-မြိတ်)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း(၂)၊ မြိတ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီမြို့နယ်(ပကဖ)တပ်ပေါင်းစု၊ ကျွန်းစုမြို့နယ်(ပကဖ)၊ တောပုန်းကြီး ပူး ပေါင်းတပ်အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ၂၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေး သားဖော်ပြထားသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေ၍ စစ်ရေးအခြေအနေ အရ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ကြပါရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။mizzima