ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နိုင်ငံပိုင်သိမ်းရန် ပြင်ဆင်မှုလျှောက်ထားချက် ပယ်ချခံရ

နေပြည်တော်တွင် လရောင်တောစီမံကိန်းဆောင်ရွက်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လျှောက်ထားရယူခဲ့သည့် မြေနေရာများကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီဘက်မှ ပြင်ဆင်မှုတက်ထားခြင်း ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ လျှောက်ထားချက်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နှစ်ဖက်လျှောက်လဲ ချက်ကြားနာခဲ့ပြီးနောက် ဖေဖော် ဝါရီလ ၂၂ ရက်နေ့တွင် အပြီးသတ် စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ နေပြည်တော် ဉတ္တရသီရိမြို့နယ်ရှိ မြေ ၁၀၁ ဒသမ ၃၃ ဧက၊ ပုပ္ဗသီရိမြို့ နယ်ရှိ ၂၃ ဒသမ ၈၅၅ ဧကနှင့် လ ရောင် တောစီမံကိန်း မြေနေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောက်လုပ်ထားသည့် တစ်ထပ်အဆောက်အဦးတို့ကို နိုင်ငံပိုင်သိမ်းရန် စစ်ကောင်စီ၏ ဉပဒေရေးရာဝန်ကြီးဌာနက ပြင်ဆင်မှုလျှောက်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အပြီးသတ်စီရင်ချက်ချမှတ်ပြီးဖြစ်သော်လည်း ယင်းကိစ္စအတွက် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တွင် အထူးယူခံဆက်တက် နိုင်သေးကာ စစ်ကောင်စီ၏ဉပဒေရေးရာဝန်ကြီးဌာနဘက်က အထူး ယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။
အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ တို့ကို အဂတိဖြင့်စွပ်စွဲကာ တစ်မှုလျှင်ထောင်ဒဏ်သုံးနှစ်စီဖြင့် ပြစ်ဒဏ်များတပေါင်းတည်းကျခံရန် အမိန့် ချမှတ်ထားသည်။mizzima