နွေဦး တော်လှန် ရေးအ ကြောင်း We are the world သီချင်းတွင် ထည့်သွင်းသီဆိုခဲ့သည့် ချင်းအနုပညာရှင်အဖွဲ့အား NUG ယာယီသမ္မတကြီး ချီးကျူး

နွေဦး တော်လှန် ရေးအ ကြောင်း We are the world သီချင်းတွင် ထည့်သွင်းကာသီဆိုခဲ့သည့် ချင်းအနုပညာရှင်အဖွဲ့Chinlung Chuak Artist အား NUG ယာယီသမ္မတကြီး ဒူဝါလရှီးလက ချီးကျူးလိုက်သည်။

ပေါ့(ပ်) ဘုရင် မိုက်ကယ်ဂျက်ဆင်၏ We are the world သီချင်းအား ချင်းအနုပညာရှင်အဖွဲ့ Chinlung Chuak Artist က Cover soung အဖြစ် ပြန်လည်သီဆိုကာ Youtube တွင် ဖေဖော်ဝါရီ ၃ ရက္က ထုတ်လွှင့်ခဲ့သည်။

” သီချင်းသီဆိုတဲ့ လူငယ်တွေရဲ့ သီဆိုဟန်နဲ့ အရည်အသွေး အလွန်ကောင်းရုံတင်မကဘဲ သီချင်း ဗီဒီယိုရဲ့အစမွာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထည့်ပြောပေးသွားတာကြောင့် နိုင်ငံတကာက ကြည့်ရှုမိသူအားလုံးရဲ့ စိတ်နှလုံးမှာ မြန်မာ့အရေးစွဲထင်ပြီး စိတ်ဝင်စားဂရုဏာသက်မှုသွားစေတာကို မြင်ရပါတယ်” ဟု NUG ယာယီသမ္မတကြီးက ပြောသည်။

နေ့စဉ် သတင်းအချက်အလက်ပေါင်းများစွာလျင်မြန်စွာ စီးဆင်းနေသည့် ၂၁ ရာစုတွင် အကြောင်းအရာတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှုရရှိအောင် ပြုလုပ်ရန်မှာ လွယ်ကူသည့် အခြေအနေမဟုတ်ကြောင်း၊ ဂီတကို အခြေခံကာ ချင်းတိုင်းရင်းသားလူငယ်များက အနုပညာဖန်တီးမှုဖြင့် ကမ်ဘာက အာရုံစိုက်အောင် လုပ်ဆောင်နိုင်ခဲ့ ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင် မှုမျိုးကို စဉ်ဆက်မပြတ် လုပ်ဆောင်စေလိုကြောင်း ယာ ယီ သမ္မတကြီးက ပြောသည်။

” ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူ့စိတ်ဝင်စားမှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ်ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှု ကြီးမားလာတာနဲ့အမျှ ကျွန် တော်တို့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြား ပေါ်လွင် လာမယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတကြီးက ပြော သည်။

ချင်းလူငယ်အနုပညာရှင်များ သီဆိုခဲ့သည့် We are the world သီချင်းမှာ နိုင်ငံတကာတွင် အားပေးမှုအများအပြား ရရှိ နေပြီး တစ်လကျော်အကြာတွင် ဝင်ရောက်ကြည့်ရှုသူ ၁ ဒသမ ၇ သန်းကျော်ရှိခဲ့သည်။

ထို့ပြင် သီဆိုမှုနှင့် ပတ်သက်ပြီး ကမ်ဘာအနှံ့ရှိ Youtuber မ်ားက ထပ်ဆင့်ခံစားတင်ဆက်သည့် Reaction Video အမ်ား အျပား ထွက်ပေါ်လျက်ရှိသည်။ ယင်းသီချင်းအစပိုင်းတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ကို သီဆိုသူတစ်ဦးက ပြောကြားထားသည်။

“မြန်မာနွယ်ဖွားလူငယ်တွေရဲ့ ယခုလိုဖန်တီးဆောင်ရွက်မှု တွေဟာလည်း အလွန်အရေးပါတန်ဖိုးကြီးတဲ့ တော်လှန်ရေး လုပ်ငန်းတွေဖြစ်လို့ ဆက်လက်လုပ်ဆောင်သွားကြဖို့ အားပေးတိုက်တွန်းပါရစေ။နောက်ဆုံးအနေနဲ့ Chinlung Chuak Artist အဖွဲ့ရဲ့ We are The World သီချင်းကို စီစဉ်အကောင်အထည်ဖော် ပါဝင်ကြိုးပမ်းခဲ့ကြသူ အယောက်စီတိုင်းကိုလည်း မြန်မာ့နွေဦးတော်လှန်ရေးအင်အား စုများနဲ့ မြန်မာပြည်သူတွေကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်လိုက်ပါတယ်” ဟု ယာယီသမ္မတကြီးက ပြော သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s