ပြည်ကြီးတံခွန်တွင် ကညနပွဲစား လင်မယားကို ပစ်သတ်ပြီး ဆိုင်ကယ်လုမှုဖြစ်ပွား

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ  မတ် ၁၁ ရက် မနက်က   ကညနပွဲစား လင်မယား ၂ ယောက် ပစ်သတ်ခံရပြီး ဆိုင်ကယ်ပါ လုယက်ခံရတယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေ ဆီက သိရပါတယ်။

 မနေ့ မနက် ၉ နာရီ မိနစ် ၂၀ လောက်က  သင်ပန်းကုန်းရပ်ကွက်၊ ၁၁၆ A လမ်း၊ ၅၆ Bလမ်း × ၅၆ C လမ်းကြားမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေဟာ  မန္တလေး ကညနရုံးမှာ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်သက်တမ်းတိုးတဲ့ပွဲစားအဖြစ်လုပ်ကိုင်နေတဲ့ သင်ပန်းကုန်း ရပ်ကွက်နေ  ကိုစလုံးတို့ လင်မယား ဖြစ်ပါတယ်။ 

အဲဒီနေ့ မနက်ပိုင်းက လင်မယား ၂ ယောက် ဆိုင်ကယ်စီးလာချိန်  တခြားဆိုင်ကယ်သမား ၂ ယောက်က အနောက်ကနေ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး စီးလာတဲ့ ကလစ်ဘီး ဆိုင်ကယ်ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူ တဦးက  “ဒီသင်ပန်းထဲမှာပဲ အိမ်ကနေ ထွက်ထွက်ချင်းလေးကို အပစ်ခံရတာ၊ ကညနရုံးမှာ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတာပါ၊ အဲဒီမနက်က ဆိုင်ကယ် Owner Book လေးအပ်လို့ သွားယူမလို့ ထွက်သွားတာ၊ ဆိုင်ကယ်လေး ခဏလောက် ငှားလို့‌ တောင် ပေးလိုက်သေးတယ်။ ကလစ် ယိုးဒယားဘီး အပြာရောင်လေး၊ ကညနမှာ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်တာပါ၊ နှစ်ယောက်စလုံး ၂၀ကျော်ပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူမှာ ညာဘက်နားထင်ထိမှန်ဒဏ်ရာ၊ အမျိုးသမီးဖြစ်သူက ညာဘက်မျက်လုံးအောက်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်း သေဆုံးသွားတာဖြစ်ပြီး သေဆုံးသူ လင်မယားဆီက သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။ 

ဘယ်အဖွဲ့၊ ဘယ်သူက ဘာကြောင့် ပစ်ခတ်သွားတယ်ဆိုတာမသိရသေးဘဲ အဆိုပါ ဖြစ်စဉ်ကို ပြည်ကြီးတံခွန် စစ်ကောင်စီရဲတပ်ဖွဲ့ကစစ်ဆေးနေကာ သေဆုံးသူရုပ်အလောင်းတွေကို မန္တလေးဆေးရုံကို ပို့ဆောင်ထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s