မင်္ဂလာအခမ်းအနားပြုလုပ်နေစဉ် စစ်ကောင် စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် ၁ ဦးသေဆုံး ပြီး ၈ ဦးခန့် ဒဏ်ရာရ


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာအခမ်းအနားကျင်းပနေသည့်နေရာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် ကလေးတစ်ဦးသေဆုံးကာ ရှစ်ဦးခန့် ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာဖက်မှ လယ်သစ်ရွာဖက်သို့ လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသများထံမှ သိရသည်။
“ရွာမှာ အဲဒီနေ့က တိုက်ပွဲမဖြစ်ပါဘူး၊ မင်္ဂလာပွဲအတွက် ငွေအပ်ပွဲပြုလုပ်နေတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ပစ်လိုက်လို့ ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးတယ်၊ နောက်ပြီး အသက်ကြီးပိုင်းတွေ ရှစ်ဦးလောက် ထိခိုက် ဒဏ်ရာရတယ်”ဟု လယ်သစ်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့်ကလေးငယ်မှာ အသက်(၁၀)နှစ်အရွယ် မောင်ဟိန်းလင်းကိုဖြစ် ကြောင်း သိရသည်။
“အခု ရွာတစ်ဖက်ကမ်းကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ရွာသူရွာသားတွေ အကုန်ထွက်ပြေးနေရ တယ်”ဟု ရွာခံတစ်ဦးကလည်း ဆို သည်။
လယ်သစ်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်အချို့လည်းထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။mizzima