မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်များအပါအ ဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအား ကာလတိုချေးငွေထုတ်ချေးသွားမည်

မသန်စွမ်း စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အသေးစား စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေသက်တမ်း သုံးနှစ်ရှိသည့် ကာလတိုချေးငွေ ထုတ်ချေးပေးသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာန၊ ပြည်လည်ထူထောင်ရေး ဦးစီးဌာနက ဆိုသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေအား ရင်းနှီးမြှုပ်နှံပြီး ရရှိလာသောအတိုးအား မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများသို့ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ အထောက်အပံ့ ပေးနိုင်ရန် ချေးငွေသက်တမ်း သုံးနှစ်ရှိ စီးပွားရေးချေးငွေကို အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးမည့် အစီအစဉ်တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ကာလတိုချေးငွေသုံးနှစ်တွင် ဆိုင်းငံ့ကာလတစ်နှစ်၊ ပြန်ဆပ်ကာလနှစ်နှစ်ဖြင့် ထုတ်ချေးပြီးသွားမည်ဟု သိရသည်။

“ကာလတိုချေးငွေမှာ အတိုးနှုန်းဘယ်လောက်လဲဆိုတာတော့ မသိရသေးဘူး။ မသန်စွမ်းစီးပွားရေး လုပ်ငန်းရှင်တွေကို ဦးစားပေးမယ်လို့ သိရသလို ဘယ်လောက်ကနေစပြီး ချေးငွေထုတ်ယူလို့ရတယ်ဆိုတာ မသိရသေးဘူး” ဟု တောင်ဥက္ကလာပမြို့နယ်မှ အသေးစားစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

ချေးငွေထုတ်ချေးရာတွင် ချေးငွေပမာဏ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို မသန်စွမ်းသူ စီးပွားရေးလုပ်ငန်းရှင်များသို့ ဦးစားပေး ထုတ်ချေးပေးရမည်ဟု ဆိုသည်။

အဆိုပါကာလတိုချေးငွေ လျှောက်ထားရာတွင် မတ်လ ၂၄ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s