ခင်ဦးတွင် စစ်တပ် မိုင်းထိပြီး တိုက်ပွဲဖြစ်

အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မတ် ၁၂ က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အဝင် ဆိုင်းဘုတ် အနီး မိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ဒေသခံတော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ယခုလဆန်း ၅ မှ စတင်၍   ရေဦး၊ ခင်ဦး၊ ကန့်ဘလူမြို့နယ် ၃ ခုကြား ကျေးရွာများကို အာဏာသိမ်းတပ် က အင်အား ၁၀၀ ခန့်ဖြင့် စစ် ကြောင်းထိုးခဲ့ပြီး ရေဦးမြို့ဘက် ပြန်ဝင်ရောက်သွားသည်၊  မတ် ၁၁ တွင် အင်အား ၁၂၀ ခန့်ဖြင့် ရေဦးမြို့ပေါ်မှ စစ်ကြောင်းတစ်ခုသည်  ကျေး ရွာများအား ဖြတ်သန်းပြီးနောက် ခင်ဦးမြို့သို့ ရောက်လာခြင်းဖြစ်သည်။

“ဒီကောင်တွေ မြို့နားကိုရောက်လာတဲ့အချိန် ကျွန်တော်တို့ မိုင်းကွင်းကို ဖြတ်တာ။ အဲ့ဒီမှာ ကျွန်တော်တို့ မိုင်း ၃ စုံ ဖောက်ခွဲတိုက်ခိုက်တယ်။ သူတို့ဘက်က စက်လက်နဲ့ ရမ်းပစ်တဲ့အချိန် ကျွန်တော်တို့က ပြန်ပစ်ကြရင်း မထင်မှတ်ဘဲ Battle (တိုက်ပွဲ) ဖြစ်သွားတာ”ဟု Khin_U Phoenix  အမည်ရှိ ပြောက်ကျားအဖွဲ့၏ ခေါင်းဆောင်က ဆိုသည်။

ယင်းနေ့က ခင်ဦးမြို့အနောက်ဘက် မြို့အဝင်ဆိုင်းဘုတ်အနီး နာရီဝက်နီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊   စစ်တပ်ဘက်မှ ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရကြောင်း ၊ Khin_U Phoenix အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သူက ပြောသည်။

“ သူတို့က ပစ်ပြေး ပြေးတက်ပြီး၊ မြို့ထဲဝင်၊ ကျွန်တော်တို့က ဘေးက  လိုက်ပစ်တာပေါ့။  ရှေ့ထွက် (မိုင်း) နှစ်လုံးနဲ့ ပဒေသာ တစ်တွဲ မိုင်း ၃ စုံ ခွဲတာကတော့ ဒီကောင်တွေ ထိတယ်။ မိုင်းထိတဲ့နေရာမှာ အတော်ပြုံသွားတယ်”ဟု သူက ဆိုသည်။

ခင်ဦးမြို့ပေါ် ရောက်ရှိလာသည့် ထိုစစ်ကြောင်းသည် ယနေ့ (မတ် ၁၃) နံနက်တွင်  မြို့အရှေ့ဘက် ၄ မိုင် ကျော်အကွာ ပြည်သူ့စစ် ခေါ် ပျူစောထီးများ တပ်စွဲထားသည့် မကျည်းတုံကျေးရွာအတွင်း ဝင်ရောက်သွားကြောင်း ခင်ဦးဒေသခံများထံမှ သိရသည်။

“အခုမနက်တော့ မကျည်းတုံဘက်ကို ရောက်သွားပြီ။ လူနာတွေပါတာတွေ့ရတယ်။ လူနာတွေကိုပဲ ရွှေဘိုလေ့ကျင့်ရေးတပ် (အမှတ် ၈ လေ့ ကျင့်ရေးကျောင်း) ဘက် ပို့မလား၊ ခင်ဦးအရှေ့ခြမ်းကို (စစ်ကြောင်း) ထိုးမလား စောင့်ကြည့် နေရတုန်းပဲ”ဟု ခင်ဦးမြို့အနီး ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ယနေ့ ပြောသည်။

ယခုလဆန်းပိုင်းတွင် ကန့်ဘလူ၊ ရေဦးနှင့် ခင်ဦးမြို့နယ်အစပ်မှ ကျေးရွာများကို ၃ ရက်ခန့် လှည့်လည် စစ်ကြောင်းထိုးခဲ့စဉ်က ကလေးနှစ်ဦး စစ်တပ်လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည်။

ခင်ဦးအနောက်ခြမ်း မုံလှကျေးရွာ၏ အရှေ့ဘက်တွင်ရှိသည့် တောင်ယာတောတိုက်များအတွင်း စစ်ရှောင်နေသည့် လူအုပ်ကို စစ်တပ်က ပစ် ခတ်စဉ် အသက် ၈ နှစ်အရွယ် မဆုရတနာမြင့်၏ ဦးခေါင်းကို ကျည်ထိသွားပြီး ခင်ဦးအရှေ့ခြမ်း အလယ်လျှိုကျေးရွာတွင်  ၁၂ နှစ် အရွယ် မောင်ချစ်ရင်ထူး ဗုံးသီး ပေါက်ကွဲ၍ သေဆုံးခဲ့သည်။

ထိုစဉ်က ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ကန့်ဘလူမြို့နယ်တို့မှ ကျေးရွာ ၁၀ ရွာခန့်ရှိ ဒေသခံတို့မှာ ဘေးလွတ်မည် ထင်ရသော တောတောင်များအတွင်း ထွက်ပြေးခဲ့ရသည်။

အင်အားသုံး စီးနင်းခံနေရသော ခင်ဦး

ယမန်နှစ် နိုဝင်ဘာအတွင်းကလည်း စစ်ကိုင်းတိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးဒေသအတွင်း စစ်ကြောင်း ၃ ကြောင်း ထက်မနည်း ဝင်ရောက်စီးနင်းခဲ့ပြီး လေတပ်မှပါ ပစ်ခတ်နေသဖြင့်  ဒေသခံ နှစ်သောင်းကျော် နေရပ် စွန့်ခွာထွက်ပြေးခဲ့ရသည်။

နိုဝင်ဘာ ၁၅ မှစပြီး မူးမြစ်အနောက်ဘက် ရေဦးမြို့မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုက ခင်ဦးမြို့နယ် အနောက်တောင်ပိုင်းသို့ စတင်ဝင်ရောက်လာပြီး ကန့်ဘလူမြို့နယ်ဘက်မှ ထွက်လာသည့် စစ်ကြောင်းနှစ်ခုက နိုဝင်ဘာ ၁၉ နှင့် ၂၃ တို့တွင် ခင်ဦးမြို့နယ်မြောက်ခြမ်းကို စီးနင်းခဲ့သည်။

စတင်စီးနင်းစဉ် သီတင်းပတ်နှစ်ပတ်အတွင်း ကလေးတစ်ဦးအပါအဝင်  အရပ်သားများ သေဆုံးသူ  ၁၃ ဦး ရှိသည်၊  တော်လှန်ရေးသမားများလည်း  ၁၀ ဦး  သေဆုံးသည်။ စစ်တပ် ထိခိုက်မှု အရေအတွက်ကို မသိရပေ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွေဘိုခရိုင်တပ်ရင်း ၃ အခြေစိုက်ရာ ခင်ဦးမြို့နယ်တွင် ယင်းကာလများက ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ကက်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သော  မုံလှရွာအ နီးတိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ် ၁၄ ခုကို  စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ထိုအထဲတွင် ခင်ဦးမြို့နယ်လည်း အပါအဝင်ဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ခင်ဦးတွင်  ကျေးရွာ ၆၈ ရွာမှ လူနေအိမ် ၄၇၀၀ လုံးကို မီးရှို့ဖျက်ဆီးခံရသည်ဟု မတ်လဒုတိယပတ်အထိ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြုစုထားသော စာရင်းတွင် ဖော်ပြထားသည်။ ခင်ဦးမြို့နယ်မှတိုက်ပွဲများတွင် ဒေ သခံနှင့် တော်လှန်ရေး အဖွဲ့ဝင် ၂၇၀ ဦး သေဆုံးကြောင်း သိရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s