ခင်ဦး၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ကာကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သံဘိုရွာအနီး ကင်းထောက်နေသည့် သံဘိုကျေးရွာ ကာကွယ်ရေးအဖွဲ့မှ PDF ရဲဘော် ၂ ဦးဖြစ်သည့် ကိုကျော်ရဲနှင့် ကိုသက်နိုင်ဖြိုး တို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” သံဘိုကျေးရွာက ကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် နှစ်ဦး ကင်းထောက်ရင်း ကျဆုံးခဲ့တာပါ။ ရဲဘော် ၂ ဦးကို စစ်ခွေးတွေက ခေါင်းဖြတ် သတ်သွားတယ်။ အခု စစ်ခွေးတွေ အားလုံး ကားနဲ့ ရွှေဘိုဘက်ကိုသွားပြီ” ဟု ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s