ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ခဲယမ်းနှင့်စစ်အသုံး အ ဆောင်များ သိမ်း ဆည်းရမိ


ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland က ယမန်နေ့ညပိုင်း တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦးသေဆုံးပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း PDF Zoland မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မတ်လ ၁၂ ရက်နေ့ ညပိုင်း တီးတိန်ဆေးရုံကြီးတွင် တပ်စွဲထားသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၁ နာရီမျှကြာမြင့်ခဲ့ကြောင်း၊ စစ်သားများမှာ စွန့်ခွာထွက်ပြေးသွားပြီး စစ်သားများ၏ လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။
“အဲဒီဆေးရုံမှာ လုံခြုံအစောင့် စစ်သားက ၆ ဦး၊ ၇ ဦးလောက် ရှိတယ်။ ကျနော်တို့ ဝင်ပစ်တော့ သေတာက စစ်သား ၄ ဦး အတိအကျပါပဲ။ အဲဒီထက်လည်း ပိုနိုင်တယ်”ဟု PDF Zoland မှ တာဝန်ရှိသူက ရှင်းပြသည်။
စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အ တည် ပြု နိုင်ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။
အလားတူ မတ်လ ၁၁ ရက်နေ့နံနက်ပိုင်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က သွားရောက်တိုက် ခိုက်ရာ စစ်ကောင်စီ ၅ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်စခန်းကို ယင်းနေ့ နံနက် ၆ နာရီမှ နံနက် ၇ နာရီအထိ တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetlet က သတင်းထုတ် ပြန်သည်။khit thit