ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်ကျေးရွာအထွက်တွင် စစ်ကောင်စီ တပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၂ ရက် နံနက် ၈ နာရီ အချိန်ခန့်က ချုံခို တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Nat Yar PDF တပ်ဖွဲ့ထံမှ သိရသည်။

“စစ်ကောင်စီတပ်သားတွေက ဒေသခံ PDF ဂိတ်တစ်ခုကို ဖျက်ဆီးနေတဲ့အချိန် အလစ်အငိုက်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု ကြာချိန် တစ်နာရီကျော်မယ်ဗျ။ စစ်သားနှစ်ဦး သေဆုံး ပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်လို့ အတွင်းသတင်းပေးအရ သိရတယ်” ဟု Chindwin Toe Nat Yar တပ်ဖွဲ့ ခေါင်းဆောင် ကိုမြက ပြောသည်။

ယခုတိုက်ခိုက်မှုကို Chindwin Toe Nat Yar PDF နှင့် Real Hero PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆားလင်းကြီးမြို့သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

Chindwin Toe Nat Yar PDF တပ်ဖွဲ့အနေဖြင့် လက်နက်ကြီးနှင့် ရှေ့ထွက်မိုင်းများထုတ်လုပ်ရန်အတွက် ငွေကြေးအခက်အခဲ များစွာရှိနေကြောင်း အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s