တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်က စာ သင်ကျောင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တက်လာသော စစ်ကောင်စီတပ်များသည် ချင်းပြည်နယ် တီးတိန် မြို့နယ်အတွင်းရှိ စာသင်ကျောင်းအပါအဝင် နေအိမ်သုံးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်မတော် (CNDF) က ထုတ်ပြန်သည်။

မတ်လ ၁၂ ရက် ယနေ့တွင် တီးတိန်မြို့နယ် New Suangpi ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆရာ၊ ဆရာမ များနေထိုင်သော ဘော်ဒါဆောင်ကို စစ်ကောင်စီတပ်ဖွဲ့များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆို သည်။

အဆိုပါ ချင်းပြည်နယ်သို့ တွင် မော်လိုက်အခြေပြု ခမရ(၃၆၅)၊ မိုင်းဆတ်အခြေပြု ခလရ (၂၇၈)၊ တပ်မ (၂၂) လက်အောက်ခံ (၂၀၄) တပ်ရင်းတို့ ပါဝင်လာကြောင်းသိရသည်။

မတ်လ ၇ ရက်နှင့် ၉ ရက်များတွင် ကလေးမြို့မှ သံချပ်ကာကားနှစ်စီးအပါအဝင် ချောဆွဲထားသည့် အရပ်သားပိုင် ကုန်တင်ကား ၄၀ ကျော် စစ်ကောင်စီတပ်သား ၂၅၀ ကျော်ဖြင့် ချင်းပြည်နယ်သို့ တက်လာ ခြင်းဖြစ်သည်။

“ဖလမ်းမြို့နယ်ထဲကို ရောက်လာပြီဆိုတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ ပြည်သူများအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ စစ်ကြောင်းရှိနေတုန်း လုံခြုံတဲ့နေရာတိမ်းရှောင်ကြဖို့ ပြောချင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။

New Suangpi ကျေးရွာမှလူနေအိမ်များကို မီးရှို့ခဲ့သောစစ်ကြောင်းသည့် ဖလမ်းမြို့နယ်အတွင်းသို့ ဝင် ရောက်လာပြီး ဗားလုံကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ကလေးမြို့မှ ရိက္ခာ၊ အင်အား ဖြည့်တင်းရန်ထွက်ခွာလာခြင်းဖြစ်ပြီး ၎င်းတို့ခရီးစဉ် သည် ဖလမ်းမြို့တွင် အဆုံးသတ်ရန်(သို့မဟုတ်)ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာမည်ဆိုသည်အား သေချာ မသိရှိရသေးကြောင်း ဆိုသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်များတွင် အဆိုပါစစ်ကြောင်းကို CDM – Siyin နှင့်အတူ Mountain Eagle Defence Force ၊ CDF – KKG တပ်ဖွဲ့တို့မှ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s