တောင်သာမြို့နယ်၊လျှပ်စစ်ဓာတ်အားပေးခွဲရုံ လုံခြုံရေး စစ်တပ်ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်၊ ဆားလင်းကြီးမြို့ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် လုံခြုံရေးချ တပ်စွဲထားသော စစ်တပ်ကို သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် တောင်သာမြို့နယ်၊ အနောက် ဘက်လေးမိုင်အကွာ နတ်စောင့်ရွာ လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် တပ်စွဲထားသော စစ်တပ်ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး တောင်သာမြို့ပေါ် စစ်ကူ စစ်ကားများပါ မိုင်းဆွဲခံရကြောင်း သိရှိရသည်။

“နတ်စောင့်ရွာ လျှပ်စစ်ဓာတ်အားခွဲရုံ လုံခြုံရေးတပ်ကို ဝင်ပစ်ပါတယ်။ ပစ်ခတ်ချိနိ မိနစ်၂၀လောက်ကြာပါတယ်။ တောင်သာမြို့ပေါ်ကနေ စစ်ကူလာတဲ့ကားလည်း မိုင်းဆွဲခံရတယ်။ စစ်တပ်ဘက်မှာ အထိအခိုက်အသေအပျောက်ရှိပါတယ်။ ဘယ်နှစ်ယောက်သေပီး ဘယ်နှစ်ယောက်ထိလဲတော့ သေချာမသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Salingyi Special Task Force – SSTF ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါရဲစခန်းအတွင်း တပ်စွဲနေထိုင်သော အကြမ်း ဖက်စစ်သား၊ ရဲများကို Salingyi Special Task Force – SSTF (ယင်မာပင်ခရိုင် တပ်ရင်း ၁၄ ၊ ၁၅)မှ Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone)များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဖိုလ်ဝင်တောင်အနီးအနားရှိ ကျေ းရွာများမှ အပြစ်မဲ့ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ ‌ပြည်သူများ၏‌ချွေးနည်းစာများဖြင့် ရှာဖွေထားသော ပစ္စည်း ဥစ္စာ ရတနာများကို ခိုးယူခြင်းများပြုလုပ်၍ ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက် အနားယူနေသော စစ်ကြောင်းကို Salingyi Special Task Force – SSTF မှ လက်နက်ကြီး အဖွဲ့များနှင့် အခြားမဟာမိတ် လက်နက် ကြီး အဖွဲ့များ ပူပေါင်းပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှလည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s