ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့် “ရောင်နီ လာရာလမ်း” ရုပ်ရှင် မလေးရှာနိုင်ငံတွင် ပြသ

မလေးရှာနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall ခန်းမတွင် ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့် “ရောင်နီလာရာလမ်း” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၂ ရက်နေ့က ပြသခဲ့ကြောင်း သိရ သည်။
“ရောင်နီလာရာလမ်း” ရုပ်ရှင်ပြသခြင်းအား မလေးရှားရောက် NLD (OCI) Malaysia အဖွဲ့နှင့် ဒေါကလူ ကွန်ရက်( Dawkalu Network) တို့မှ ဦးဆောင်၍ကျင်းပခြင်းဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေ၊ ကရင် ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်၊ မီးဘေးသင့် ဒေသခံပြည်သူများအတွက် အဓိကရည်ရွယ်ကြောင်း သိရသည်။mizzima