ပေါက်မြို့နယ်မှ ကျေးရွာ ၁၂ ရွာကို စစ်တပ်က စစ်ကြောင်းထိုး နေပြီး ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ၊ ပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ ​ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ ညပိုင်းမှ စတင်ကာ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ် ကြောင်းထိုး စီးနင်းနေ​​ပြီး ကျေးရွာ ၁၂ ရွာက ပြည်သူ ၇၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ပေါက်မြို့နယ်၊ လယ်ဘဲ့ရွာ၊ အင်ပင်ရွာ၊ ဆူးလေးကုန်းရွာ၊ ကမ်းပျိုရွာ၊ မုန်းတောရွာ၊ အင်းယာရွာ၊ ယင်းမကုန်းရွာ၊ အောင်ချမ်းသာရွာ ထန်းငယ်တောရွာ၊ စံဖဲရွာ၊ ရေတိမ်ရွာနှင့် ကျွန်းတောရွာ တို့မှ ပြည်သူများ ထွက်ပြေး နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် သမားတော်ရွာမှ ပြည်သူ ၁ ဦး၊ ယင်းမကုန်းရွာမှ ပြည်သူ ၃ ဦးနှင့် စံဖဲရွာမှ ပြည်သူ ၁၁ ဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

“ပေါက်မြို့နယ် မြောက်ပိုင်းကို မနေ့ ညကနေ ဒီနေ့ညပိုင်းအထိ စစ်ခွေး အင် အား၂၀၀ နီးပါးလောက်က စစ်ကြောင်းထိုးနေတာ ကျေးရွာ ၁၂ ရွာက ပြည်သူ ၇၀၀၀ ကျော် စစ်ဘေး ရှောင်နေရတယ်။ မနေ့ညက လယ်ဘဲ့ရွာနဲ့ အင်ပင်ရွာကိုညတွင်းချင်းစစ်ကြောင်းထိုးတယ်။ ထိခိုက်ပျက်စီးမှုတော့မရှိဘူး။ အခုညထိ စစ်ခွေးတွေက လယ်ဘဲ့ရွာအနီးတဝိုက်မှာပဲရှိနေသေးတယ်။ အခု ညအထိ စံဖဲရွာမြောက်ကျောင်း ဘုန်းကြီးကျောင်းမှာပဲ စခန်းချနေတယ်” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်လရောင်ကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s