မုံရွာမြို့ GTC ကျောင်းရှေ့၌ ကင်းစောင့်နေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ GTC ကျောင်းရှေ့၌ ကင်းစောင့်နေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF Monywwa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် မုံရွာမြို့ GTC ကျောင်းရှေ့၌ ကင်းစောင့်နေသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့ ၆ ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မုံရွာ GTC ကျောင်း အဝင်ပေါက်မှာ ကင်းချထားတဲ့ စစ်ခွေးတွေကို ညီနောင် ၆ ဖွဲ့က GUN ၄ လက်နဲ့ ကားပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ကင်းစောင့်နေတဲ့ စစ်ခွေးတွေ ပြန်လည် ပစ်ခတ်ချိန်မရဘဲ ကင်းစောင့် စစ်ခွေး ၅ ကောင် နေရာမှာပဲ ပွဲချင်းပြီး သေတယ်” ဟု Area 71 PDF Monywwa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71PDF Monywwa၊ One Local People Defence Force Burma၊ Independence Army၊ Ronin Thirteen People’s Force၊ Yuoth Revolation Attack Force နှင့် Monywa People’s Liberation Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s