မုံရွာ-ယာကြီး လမ်းပိုင်း (၂၃) မိုင်အနီးတွင် အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး၏ အ လောင်းများတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ- ယာကြီးလမ်းပိုင်း ( ၂၃ ) မိုင်အနီး တောစပ် တစ်နေရာတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး၏ အ လောင်းများတွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၀ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူနှစ်ဦးမှာ သားအမိဖြစ် ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ ဖော်ထုတ်ချက်အရ အသတ်ခံထားရသည့် အမျိုးသမီးမှာ အဓမ္မပြု ကျင့်ခံထားရပြီး လည်ပင်းညှစ်၍ သတ်ခံထားရခြင်း ဖြစ်ကြောင်း ၊ ခန္ဓာကိုယ်တွင်လည်း ထိခိုက်ဒဏ်ရာ အချို့ရှိကြောင်း သိရသည်။

အသတ်ခံရသည့်ကလေးတွင်လည်း လည်ပင်းတွင် ညိုမဲဒဏ်ရာများ နှင့်အတူ ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ကနီမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များမှ ထိုဖြစ်စဉ်အားစုံစမ်းနေပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီး၍ စစ်ဆေးနေကြောင်းလည်း သိရသည်။

အာဏာသိမ်းပြီးနောက် ကနီမြို့နယ်တွင် အဓမ္မပြုကျင့်မှုသုံးခုရှိနေပြီဖြစ်ကြောင်း မြို့နယ် တရားရေးနှင့် နီးစပ်သူများထံမှ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s