မြန်မာနိုင်ငံမှ ခရစ်ယာန်သာသနာပြု ဇနီး မောင်နှံ အိန္ဒိယတွင် ဖမ်းဆီးခံရ

မြန်မာဇနီးမောင်နှံ Limdai Merr နှင့် Veikhohat Hatnu ဆိုသူတို့ကို အိန္ဒိယနိုင်ငံ မဏိပူအာဏာပိုင်များက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် မတ်လ ၉ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း The India Preess သတင်းတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့၏အစီရင်ခံစာအရ ယင်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုငင်ံ Nagaland’s Avakhong ရွာသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် နေထိုင်ခွင့် အထောက်အထားအတု ပြုလုပ်ကာ ဒေသခံ Chinglen ဆိုသူ၏ အိမ်တွင် နေထိုင်ခဲ့ကြသည်ဟု India Preess ကဆိုသည်။

Limdai Merr သည် နာဂလန်းတွင် ၂၀၀၈ ခုနှစ်ကတည်းက နေထိုင်ခဲ့ပြီး Amazing Grace ကောလိပ်တွင် ၂ နှစ်ကြာ ဓမ္မပညာကို လေ့လာခဲ့ပြီး နာဂလန်း ဓမ္မပညာကောလိပ်တွင် ၃ နှစ်သင်တန်းကို ဆက်လက်သင်ယူခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရန်ကုန်မြို့တွင် သာသနာပြုအဖြစ် လုပ် ဆောင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Limdai Merr နှင့် ဇနီးကို နေထိုင်ခွင့်ပေးထားသည့် ဒေသခံ ခရစ်ယာန်သာသနာပြုတစ်ဦးကိုလည်း မဏိပူ အာဏာပိုင်တို့က ဖမ်းဆီးထား သည်။ မဏိပူပြည်နယ် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး Dr Sapam Ranjan က တရားမဝင် ဝင်ရောက်မှုကို အားပေးကူညီသူများနှင့် အထောက်အထားအတု ပြုလုပ်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပြောကြောင်းလည်း The India Preess သတင်းက ရေးသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s