လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေသည့် မြန်မာနိုင်ငံအခြေအနေကို ရာဇဝတ်ခုံရုံးတင်ရန် HRW ပြော

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းတို့ဖြင့် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က HRW က မတ်လ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

စစ်ကောင်စီသည် “တရားလက်လွတ် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားထောင်ချခြင်း အပါအဝင် အရပ်သားများအပေါ် စနစ် တကျ ချိုးဖောက်မှုများ ကျူးလွန်နေပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဖြစ်သည်” ဟု HRW ၏ ကြေ ညာချက်တွင် ဖော်ပြသည်။

အဆိုပါ အခြေအနေများကို ထိန်းသိမ်းရန် စစ်ကောင်စီကို တစ်ကမ္ဘာလုံးက လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ နိုင်ငံအခြေအနေအား နိုင်ငံတ ကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း၊ စစ်အစိုးရခေါင်းဆောင်များနှင့် စစ်တပ်ပိုင်ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းတို့ စသည့် ပြတ်သားသော အရေးယူမှုများပြုလုပ်ရန်လည်း ကုလ လုံခြုံရေးကောက်စီထံ HRW က တိုက်တွန်းထားသည်။

နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ လွပ်လပ်စွာပေးခွင့်ပြုရန်တို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါ အချက်များကို စစ်ကောင်စီက လျစ်လျှူရှုထားသည်ဟုလည်း HRW က ဆိုသည်။

ထိုကဲ့သို့ လျစ်လျှူရှုခြင်းကြောင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်တပ်နှင့်ဆက်နွှယ်နေသော စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများ၊ ကုမ္ပဏီများကို ပြင်းထန်သော ပစ်မှတ်ထားအရေးယူမှုများ လိုအပ်နေသည်ဟု ကုလ HRW ညွှန်ကြားရေးမှူး Louis Charbonneau က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်မဲ့သူ စုစုပေါင်း ၁.၃ သန်းအထိ ရှိလာခဲ့ပြီး ထိုသူများထံ အကူအညီများမရောက်ရန် တားဆီးပိတ်ပင်မှုများ ပြုလုပ်နေသည်ဟုလည်း HRW က ထောက်ပြထားသည်။

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးပွဲ ယနေ့ (မတ်လ ၁၃ ရက်) တွင် ပြုလုပ်မည်ဖြစ် သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ အကြီးအကဲ Retno Marsudi တို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာများတင် သွင်းမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ စစ်ကောင်စီက ကျူးလွန်နေသည့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်မှုများအတွက် ပြတ်သားသည့် အရေးယူမှုများ ပြုလုပ်ရန် ကုလလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးပွဲတွင် ဆွေးနွေးရန်လည်း HRW က တိုက်တွန်းထားသည်။

“စစ်အစိုးရရဲ့ ငွေကြေးနဲ့ လက်နက် ထောက်ပံ့မှုတွေကို ဖြတ်တောက်တာဟာ တိုင်းပြည်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ ရက်စက်ယုတ်မာမှုတွေကို တားဆီးဖို့ အရေးကြီးတဲ့ နောက်တဆင့် ဖြစ်ပါတယ်” ဟုလည်း HRW ညွှန်ကြားရေးမှူး Louis Charbonneau က ပြောသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s