အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှုးချုပ် ICANN ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရ

မက္ကဆီကိုနိုင်ငံတွင် မတ်လ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ICANN ၏ ၇၆ ကြိမ်မြောက်ညီလာခံသို့ တက်ရောက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ညွှန်ကြားရေးမှုးချုပ် မျိုးဆွေအား ဖိတ်ကြားထားမှုအား ကန့်ကွက်ကြောင်း Justice for Myanmar (JFM)အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

ICANN (Internet Corporation for Assigned Names and Numbers) သည် ကမ္ဘာ့အင်တာနက် လုံခြုံရေးနှင့် တည်ငြိမ်ရေးရာ ကိစ္စများအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ICANN သည် (IP Address space / DNS စသည့်) အင်တာနက် လိပ် စာများအတွက် အရေးပါသော အကျိုးအမြတ်အတွက် မဟုတ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းကြီးတခု ဖြစ်သည် ။

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICANN ၏ အစိုးရပိုင်းဆိုင်ရာ အကြံပေးကော်မတီဝင်အနေနှင့် ညီလာခံကို တက်ရောက်မည့် မျိုးဆွေသည် မြန်မာပြည်သူများ၏ ဆက်သွယ်‌ရေး အချက်အလက်များကို စောင့်ကြည့်မှုများ ပြုလုပ်ရန်၊ အင်တာနက် ဖြတ်တောက်ရန်နှင့် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို စစ်တပ်သို့ လွှဲပြောင်းပေးရန် စသည့် ရာဇဝတ်မှုများကို ကျူးလွန်စေရန် မြန်မာနိုင်ငံတွင်းရှိ မိုဘိုင်းဆက်သွယ်ရေး အော်ပ ရေတာများအား ညွှန်ကြားခဲ့မှုများတွင် အဓိက တာ၀န်ရှိသူတစ်ဦးလည်း ဖြစ်သည်။

တရားမဝင် မြန်မာအကြမ်းဖက် စစ်တပ်ကို အသိအမှတ်ပြုရာရောက်သည့် လုပ်ရပ်များကို ICANN အနေနှင့် ချက်ချင်းရပ်တန့်ရန်နှင့် ၄င်းအ စား မြန်မာပြည်သူများ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အား အသိအမှတ်ပြု ဖိတ်ကြားရန် တောင်းဆိုကြောင်း JFM က၄င်းတို့၏ တွစ်တာမှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။

“အင်တာနက်ဖြတ်တောက်မှုမှာ အဓိက တရားခံတဦးဖြစ်သလို၊ စစ်တပ်ရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက် ကျူးလွန်နေသူတဦးဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို ICANN 76 လို နိုင်ငံတကာ ညီလာခံမျိုးမှာ အသိအမှတ်ပြု ဖိတ်ကြားတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ပြောဆိုခဲ့သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s