Monthly Archives: Mar 2023

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခ)စတီး ပစ်ခတ်ခံရပြီး သေဆုံး၊ တမူးတွင်လည်း ပျူစောထီးခေါင်းဆောင်ဟု သတ် မှတ်ခံရသူ ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက် ရာအိမ်မှူး စစ်တပ် သတင်းပေး ကျော်စိုးမိုး (ခ) စတီးကို နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ပစ်ခတ်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ဥတ္တတားကျေးရွာမှ ဖလပ်ကျေးရွာသို့ ဇင်း ကျိုက်-မော်လမြိုင်လမ်းမကြီးအ တိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ၉ မမ ပစ္စတိုသေနတ်ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဆီးခုံတို့ကို ၈ ချက် တိတိ ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

“သူက ဖလပ်ကျေးရွာက ရာအိမ်မှူးပါ၊ ဥတ္တတားရွာမှာက အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိဘူး၊ အဲဒါကို သူက “သတ္တိရှိကောင်လာစမ်း၊ ဥတ္တတားရွာကို ငါကိုယ် တိုင် အုပ်ချုပ်ရေးမှူး လုပ်ပြမယ်” ဆိုပြီး ကြိမ်း ဝါးစိန်ခေါ်တဲ့သူ၊ PDF တွေရဲ့လှုပ်ရှားတွေ၊ CDM တွေကို စုံစမ်းပြီးတော့ စစ်တပ်ကို သတင်းပေးတယ်၊ ဖမ်းခို်ငးတယ်၊ မိသားစုတွေကိုလည်း ခြိမ်း ခြောက်ပိုက်ဆံတောင်းတယ်၊ အဲလိုလုပ်နေတော့ နစ်နာ တဲ့ ပြည်သူတွေက တိုင်တာများကို ရှင်းပစ်လိုက်တာပါ”ဟု အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF မှ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့ပြင် ၎င်းသည် အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံ ရဲများ နှင့်အတူပူးပေါင်းကာ လောင်းကစား ဝိုင်းများ၊ ချဲထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများ ဦး ဆောင်စီစဉ်၍ ဆတ်ကြေး ကောက်နေသည့်အပြင် အရက်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူ ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ တမူးမြို့နယ်၊ကွမ်းတောင်းကျေး ရွာတွင် ပျူစောထီးခေါင်း ဆောင် မင်းမောင်ကြီးကို ABSDF တပ်က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ABSDF တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ABSDF အနောက်ပိုင်း တပ်ရင်း ၅၊ တပ်ခွဲ ၁ မှ တမူးမြို့ ကွမ်းတောင်းရွာတွင် တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများ ကျေးရွာအတွင်း သွား လာနေချိန် ABSDF က ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ချိန် ၁၅ မိနစ် အတွင်း ပျူစောထီး ခေါင်းဆောင် မင်းမောင်ကြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit

ပေါက်မြို့နယ်တွင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မတ် ၁၃ ရက် ညနေက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက် ပ.က.ဖ ASTF တပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် ရေပြာရွာနဲ့ ၃ မိုင်လောက်အကွာက လယ်ဘဲ့ရွာနဲ့ စံဖဲရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်ကာ နေအိမ်တွေကို ဖျက်ဆီးနေလို့ ရေပြာလမ်းဆုံက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို မတ် ၁၃ ရက် ညနေမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ASTF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စကြာက  ပြောပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲ ၄ ယောက် ရှိတဲ့အနက် ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၁ ရက်ကတည်းက ပေါက်မြို့နယ်မြောက်ပိုင်းက လယ်ဘဲ့ကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ မွှေနှောက်ဖျက်ဆီးနေသလို စံဖဲကျေးရွာကိုလည်း အင်အား ၈၀ လောက်နဲ့ မွှေနှောက်နေကြတယ်လို့ ဗိုလ်စကြာက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ပေါက်မြို့နယ်မြောက်ပိုင်းက လယ်ဘဲ့၊ စံဖဲ၊ အောင်ချမ်းသာ၊ ကမ်းပြို(ကပြို)၊ အင်ပင်၊ ထန်းငယ်တော အပါအဝင် ကျေးရွာ ၈ ရွာလောက်က ဒေသခံပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် အရှေ့ပိုင်းက အုန်းတောကျေးရွာကိုလည်း မတ် ၉ ရက်ကနေ ၁၁ ရက်အထိ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၇၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

မတ္တရာမြို့နယ်တွင် ပျူစည်းရုံးရေးမှူးဟုနာမည်ထွက်နေသူ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစည်းရုံးရေးမှူးနှင့် ပျူထောက်ပို့ဟု နာမည်ထွက် နေသည့် လ.ဝ.က ဦးစီးမှူး ကျော်နိုင်ဦးဆိုသူ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။

“ခေါင်းမှန်ပြီ သေတာ။ ရွာစဉ်လှည်ပြီး ပျူထဲဝင်ဖို့ စည်းရုံးနေတဲ့သူ။ ခါတိုင်းလည်း ဒီဘက်လာနေတာပါ” ဟု သေဆုံးခဲ့သူနှင့်ပတ်သက်၍ ဒေ သ ခံတစ်ဦးက မှတ်ချက်ပြုသည်။

မတ္တရာမြို့နယ်၊ ဝါရင်းတုတ်တံတားပေါ် ဖြတ်သန်းနေစဉ် ကျော်နိုင်ဦး၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေးပေ။

“ကျွန်တော်တို့ရွာဘက် ပျူထဲဝင်မယ့်သူစာရင်းလာကောက်တာလို့ ပြောသံကြားတယ်” ဟု ဝါးရင်းတုတ် ကျေးရွာသားတစ်ဦးကလည်း ဆို သည်။

သေဆုံးသူ လ.ဝ.က ဦးစီးမှူးသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်များကို ပျူစောထီးအဖွဲ့ သို့ ဝင်ရောက်ရန် အဓိကစည်းရုံးနေသူဟု ဒေသခံများကပြောသည်။

သေဆုံးသူထံမှ စာရင်းဇယားစာရွက်များနှင့် ဓါးတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။mizzima

ဘာရိန်းနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာ ပါလီမန်များညီလာခံတွင် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာ လွှတ်တော် ကိုယ် စားလှယ်အဖွဲ့ တက်ရောက်

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် ၁၄၆ ကြိမ်မြောက် နိုင်ငံတ ကာ ပါလီမန်များ ညီလာခံကို NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်း ဆောင်သည့် မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တက်ရောက်လျက် ရှိကြောင်း သိရသည်။

မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံ အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင် တက်ရောက် လျက်ရှိပြီး နိုင်ငံတကာ ပါလီမန်များ အဖွဲ့ ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco အပါအဝင် ညီလာခံသို့ တက်ရောက် လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ညီလာခံ၏ General Debate ၌ မြန်မာ့အရေးအခြေအနေများကို တက်ရောက်ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတကာ လွှတ်တော်များသို့ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်း အဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆက်လက် ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်နှင့် အကြံပေးအဖွဲ့ဝင်တစ်ဦးတို့ ပါဝင်မည်ဖြစ်​ကြောင်း သိရသည်။ khit thit

မိုးကုတ်တွင် ရွှေတွင်းလုပ်ကိုင်သူ ၃၀ ခန့်ကို TNLA ဖမ်းဆီ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျေးရွာတွေက ရွှေတွင်းလုပ်ကိုင်သူ အယောက် ၃၀ လောက်ကို တအာင်းလက်နက်ကိုင်အဖွဲ့  TNLA တပ်က မတ် ၁၂ ရက် မနက်မှာ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

မိုးကုတ်မြို့ကနေ မိုင်းလုံကျေးရွာမှာ ရွှေတွင်းလုပ်ငန်း လုပ်ကိုင်နေကြသူတွေကို ရွှေတွင်းလုပ်ကွက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူတို့ကို အရင်ကတည်းက ဆက်ကြေးပေးပြီး လုပ်နေကြတာ။ ခုဖမ်းသွားတာက ရွှေတွင်းမှာလုပ်တဲ့ စားဖိုချောင်က သုံးယောက်ပဲချန်ပြီး အကုန်ဖမ်းသွားတာ။ ငွေနဲ့လိုက်ရမှာလား၊ ပြန်လွတ်လာမှာလား ဘာမှမသိရဘူး။”

ဖမ်းဆီးခံရသူတွေထဲက အသက်ကြီးတဲ့သူ နှစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ ဘော်လုံးကြီး ပလောင်ကျေးရွာကဖြစ်ပြီး ဘုန်းကြီးတပါးနဲ့ ရပ်မိရပ်ဖတဦး သွားရောက်ညှိနှိုင်းခဲ့ပေမဲ့ ငွေကြေးနဲ့ ညှိမရခဲ့ဘူးလို့ သိရပါတယ်။DVB

လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး၌ မြန်မာအမျိုးသမီးများ၏ အသံကို ချန်လှပ်ထား 

မြန်မာ့အရေးအတွက် တနင်္လာနေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး၌ မြန်မာအမျိုးသမီးများ၏ အသံကို ကြားရခြင်း မရှိသဖြင့် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ နော်ဝေသံအမတ်ကြီးက ပြောသည်။ 

အဆိုပါ တံခါးပိတ် တိုင်ပင်နှီးနှောမှုတွင် မြန်မာဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာက လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးကောင်စီက ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့သော မြန်မာအရေး ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အား အကောင်အထည်ဖော်ရေးတွင် သူမ ၏ ကြိုးပမ်းအားထုတ်မှုများကို ကောင်စီထံ ဟေဇာက တင်ပြလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး စေ့စပ်ညှိနှိုင်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ရေးတို့ကို တောင်းဆိုထားသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေးတွင် ကုလ သမဂ္ဂ၏ ပံ့ပိုးမှုများအား တင်ပြရန် ကောင်စီ၏ မေတ္တာရပ်ခံချက်ကို နိုလင်း ဟေဇာက တုံ့ပြန်တင်ပြသွားမည် ဖြစ်သည်။ 

ယခု တံခါးပိတ် အစည်းအဝေးတွင် လက်ရှိအခြေအနေများအပေါ် ခြုံငုံသုံးသပ်ချက်နှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အဓိကပုဂ္ဂိုလ်များနှင့် ဆွေးနွေးမှုများကိုလည်း နိုလင်းဟေဇာအနေဖြင့် တင်ပြသွားရန် ရှိသည်။ ထိုပြင် လူသားချင်း စာနာထောက်ထားရေး အကူအညီ၊ ရိုဟင်ဂျာ ပညာရေး၊ အမျိုသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် အခြားသော အသံတိတ်နေသည့် ကိစ္စရပ်များကိုပါ အထူးသံတမန်အနေဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း သိထားရသည်။ 

နိုလင်းဟေဇာ၏ ကောင်စီသို့ အစီရင်ခံစာ တင်ပြပြီးသည့်နောက်တွင် ကုလသမဂ္ဂက မီဒီယာအတွက် “တိုက်ရိုက်” အွန်လိုင်းသတင်းစာရှင်း လင်းခြင်းကို ရှင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖျက်သိမ်းလိုက်သည်။  

ကုလသမဂ္ဂ အထူးသံတမန် ဟေဇာအနေဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး အများပြည်သူသို့ ထုတ်ပြန်ချက်ကို ကြာသပတေးနေ့တွင် ထုတ်ပြန်သွားရန် ရှိသည်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အကျပ်အတည်းနှင့် ပတ်သက်ကာ နိုင်ငံတကာ ဆွေးနွေးမှုတွင် မြန်မာအမျိုးသမီးများ မပါဝင်ရခြင်းနှင့် လုံလောက်သော ပြောဆိုရခြင်းများ မရှိခဲ့သည်ကို သိရှိ၍ ကုလသမဂ္ဂဆိုင်ရာ နော်ဝေအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး မိုနာဂျူက မြန်မာ NGO ကိုယ်စားလှယ် အမျိုးသမီးနှစ်ဦးတို့အား ကုလသမဂ္ဂမှာပင် စကားပြောဆိုခွင့်ရအောင် စီမံပေးခဲ့သည်။ Woman Advocacy Coalition Myanmar မှ မမေစံပယ်ဖြူနှင့် Women’s League of Burma မှ မနော်ဆာဆာတို့က ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည်မှာ နှစ်နှစ်ကြာမြင့်ပြီး အခြေအနေမှာ စိုးရိမ်ပူပန်နေရကာ လူသားချင်း စာနာထောက်ထားရေး အကူ အညီ လိုအပ်သူ ပြည်သူပေါင်း ၁၇ သန်းကျော် ရှိနေကြောင်း မိုနာဂျူက မှတ်ချက်ပြုသည်။ 

အာဏာသိမ်းမှုသည် အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးများအတွက် ဆယ်စုနှစ်ချီ နောက်ကြောင်းပြန်သွားစေခဲ့သည်။ အမျိုးသမီး အ ခွင့်အရေး ခုခံကာကွယ်သူများသည် နိုင်ငံရေး ပစ်မှတ်ထားခံရပြီး အဓမ္မ ဖမ်းဆီးခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်းနှင့် သေဆုံးရခြင်းများ ရှိနေသည်။ အမျိုးသမီး အများစုသည် ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံမှ ထွက်ပြေးကြရသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလက အမျိုးသမီးများ ဦးဆောင်သော လူမှုအဖွဲ့အစည်းများ အားကောင်းကာ ခိုင်မာသည့် ကွန်ရက်ကို ထူထောင်နိုင် သည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် မူဝါဒဖွံ့ဖြိုးမှုများတွင် အဓိကဖြစ်လာခဲ့သည်။ 

အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူများအနေဖြင့် သိသာသော စိန်ခေါ်မှုများ ရှိလင့်ကစား ဖွဲ့စည်းထားသော ကွန်ရက်များနှင့် သီးခြားရပ် တည်သော အခွင့်အရေး ကာကွယ်သူများသည် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အဓိက ခေါင်းဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး နိုင်ငံအတွက် နိုင်ငံရေးအနာဂတ်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ကြသည်။ 

မြန်မာနိုင်ငံ၏ အနာဂတ်အား ကယ်တင်နိုင်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်သော အမျိုးသမီးများ အပါအဝင် အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းအား ကာကွယ်ပေးနိုင်ရေး လိုအပ်ကြောင်း မိုနာဂျူက ပြောသည်။ 

မြန်မာအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ညွှန်ပြလျက် ယခု တံခါးပိတ် အစည်းအဝေးတွင် “အရပ်ဘက်အဖွဲ့အစည်း အကျိုးဆောင်သူများ” ပါဝင်မည်မဟုတ်ဟု မိုနာဂျူက ပြောဆိုသည်။ ယင်းသည် ထိခိုက်မှု အရှိဆုံးသူများထံမှ တိုက်ရိုက်ကြားနာရခြင်းကို ကောင်စီအတွက် လမ်းပိတ်လိုက်ခြင်းပဲ ဖြစ်သည်ဟု ၎င်းက ပြောသည်။ “ဒါကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ တင်ပြနိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်မတို့အနေနဲ့ ထင်မြင်တယ်”ဟု မိုနာဂျူက ပြောသည်။  

ကုလသမဂ္ဂ အထူးသံတမန်သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG )နှင့် စစ်ကောင်စီအား အတိုက်အခံပြုနေသည့် အခြားသော ကိုယ် စားလှယ်များနှင့် တရားဝင်တွေ့ဆုံခြင်း မရှိသည်ကို စိုးရိမ်ပူပန်ကြောင်း မမေစံပယ်ဖြူနှင့် နော်ဆာဆာတို့က ပြောဆိုသည်။ 

မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံခြင်းနှင့် မြန်မာပြည်သူ အများစုက တရားမဝင်ဟု သတ်မှတ်ထားသည့် စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းရေး တိုက် တွန်းခဲ့ခြင်းတို့ကြောင့် နိုလင်ဟေဇာသည် ယခင်က လူသိရှင်ကြား ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရဖူးသည်။ 

ရှိဆဲ သံခင်းတမန်ခင်းနှင့် စေ့စပ်ညှိနှိုင်းမှုများနှင့် လုပ်ငန်းစဉ်များ အလုပ်မဖြစ်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် ပြောရေးဆိုခွင့် မတတ်နိုင်ကြောင်း မမေစံပယ်ဖြူက ပြောသည်။ “အခု ရှိနေတဲ့ လုပ်ငန်းစဉ် မူဝါဒတွေက အလုပ်မဖြစ်ဘူး၊ ဒါကြောင့် ဖြေရှင်းနည်း လမ်းသစ်ကို ကျွန်မတို့ ရှာရမယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ သေတ္တာထဲကထွက်ပြီး စဉ်းစားလာလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ မြန်မာအ ရေး ကိုင်တွယ်ဖြေရှင်းရေးဟာ အာဆီယံတာဝန်သက်သက်ပဲ မဟုတ်သလို ထိရောက်တဲ့ ရလဒ်တွေနဲ့ ဖြစ်ထွန်းမှုတွေ ရှိလာဖို့ နည်းလမ်းသစ် ရှာရမယ်”ဟု ၎င်းက ပြောသည်။ 

သူတို့အနေဖြင့် သံတမန်များ မဟုတ်သော်လည်း နိုင်ငံအတွင်း နေထိုင်နေသူ ပြည်သူများ၏ အသံများနှင့် ဆင်းရဲဒုက္ခများကို ကိုယ်စားပြုသူ များ ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်မတို့ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေဖြစ်တယ်၊ ကျွန်မတို့ရဲ့ အခြေအနေကို ကုလသမဂ္ဂ အထူးသံတမန်က နေရာယူထားတာကြောင့် ကျွန်မတို့ နှစ်သက်မှု မရှိပါ၊ ကျွန်မတို့ ဒါကို နားလည်ပါတယ်၊ နိုင်ငံ ရေးတစ်ခုလုံးကနေ စစ်တပ်ကို ဖယ်ရှားဖို့ဆိုတာ ခက်ခဲလိမ့်မယ်၊ မဖြစ်နိုင်ဘူးလို့ တော်တော်များများက ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မတို့က ကိုယ်တိုင်ဒုက္ခခံစားနေရသူတွေပါ”ဟု မမေစံပယ်ဖြူက ပြောသည်။ 

NLD အစိုးရသည် စစ်တပ်နှင့် အပေးအယူတည့်အောင် များစွာ လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်က အလုံးစုံအာဏာကိုသာ ရချင်နေ၍ စေ့ စပ်ညှိနှိုင်းမှုများနှင့် အပေးအယူတို့က မည်သည့် ရလဒ်မှ မထွက်လာခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒါက ကျွန်မတို့ရဲ့ အခြေအနေအပေါ် ထဲထဲဝင်ဝင် ရှုမြင်မှုပါပဲ”ဟု ၎င်းက ဆိုသည်။ 

“စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ အကြောင်းပြချက် များစွာ ပေးနိုင်ပါတယ်၊ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ၊ တိုင်းပြည်ထဲမှာ ဒုက္ခခံစားနေရသူ ပြည်သူတွေအတွက် ဘဏ္ဍာရေးရင်းမြစ်တွေ ပေးတာမျိုးတွေမှာပေါ့၊ ဒါပေမဲ့ ဒါတွေ အားလုံးဟာ တရားမဝင် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာပဲ ဖြစ်တယ်”ဟု မမေစံပယ်ဖြူက ပြောသည်။ 

“ကုလသမဂ္ဂနဲ့ အထူးသံတမန်ဟာ တရားမဝင် စစ်ကောင်စီနဲ့ လူသိရှင်ကြား တွေ့နိုင်သေးတယ်ဆိုရင် မြန်မာပြည်သူ တော်တော်များများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားတဲ့ NUG နဲ့ ဘာကြောင့် မတွေ့နိုင်ရတာလဲ”ဟု မမေစံပယ်ညိုက မေးခွန်းထုတ်သည်။ 

မနော်ဆာဆာကလည်း “အမှန်တော့ ကျွန်မတို့တွေမှာ ဒီမိုကရေစီ လိုလားသူတွေ အများအပြား ရှိနေတယ်၊ ERO၊ NUG၊ NUCC စသဖြင့်ပေါ့၊ သူတို့တွေနဲ့ အထူးသံတမန် တရားဝင် လူသိရှင်ကြား တွေ့ဆုံခဲ့တာမျိုး ကျွန်မတို့ မမြင်တွေ့ရဘူး၊ ဒါပေမဲ့ စစ်ကောင်စီနဲ့ကျတော့ သူဟာ တရား ဝင် လူသိရှင်ကြား တွေ့ဆုံတယ်၊ ဒီအတွက် အခုအထိ ရုန်းကန်နေရဆဲဖြစ်တဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေနဲ့ကျ ဘာကြောင့် မတွေ့ရတာလဲဆိုတာ မေးစရာပါပဲ၊ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူသိရှင်ကြား တွေ့ဆုံဖို့ သူ့ကို တွန်းအားပေးပါတယ်၊ ဒါက အချက်တစ်ချက်ပါပဲ”ဟု ပြောဆိုသည်။ 

မြန်မာပဋိပက္ခသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး စစ်ပွဲနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် နိုင််ငံတကာ ဖိုရမ်များတွင် အရေးလုပ်ရကာ ၂၀၂၁ မှ ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော်ကြာနေပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

ကချင်နှင့် ကရင်ကဲ့သို့ တိုင်းရင်းသားအုပ်စုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိတို့ အစီရင်ခံတင်ပြနိုင်ရန် အခွင့်အရေး မရခဲ့ကြောင်း မနော်ဆာဆာက ပြောသည်။ 

အတိတ်ကနေ လက်ရှိအထိ ပြန်ကြည့်သည့်အခါ စစ်တပ်ကပဲ တစ်ဦးတည်းသော ကျူးလွန်သူဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“ရှည်ကြာစွာ ခံစားနေရပြီး ရုန်းကန်နေရတဲ့ မြန်မာပြည်သူများအတွက် ဖြေရှင်းနည်းကို ရှာဖို့ လုံခြုံရေးကောင်စီအနေနဲ့ ရှေ့ရှုစေချင်မိပါတယ်”ဟု ၎င်းက မှတ်ချက်ချပြီး ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ မြင့်တက်နေခြင်းကြောင့် လောင်စာအပါအဝင် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်း လိုအပ်ကြောင်းကိုလည်း ထောက်ပြပြောဆိုသည်။ mizzima

ကြို့ပင်ကောက်တွင် ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပေါင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ၌ ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်ရာ ၃ ဦးသေဆုံးကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာ၌ ကင်းစောင့်နေသော ပျူစောထီးများကို ဒေသကာ ကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရုံးချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အေးထွန်းနှင့် ပျူစောထီး အဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ည ၉ နာရီလောက် အုပ်ကြီးအိမ်မှာ ကင်းစောင့်ဖို့ လူစုနေတဲ့ အချိန် ဝင်ပစ်တာ အရင်ကလည်း အဲအုပ်ကြီးက အပစ်ခံထားရသေးတယ် မသေဘူးတာ အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေကို ဆက်ကြေးကောက်တယ်။ ညဘက်ဆို သေနတ်နဲ့ တောင်ပစ်မြောက်ပစ်လုပ်တယ်စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလုပ်ပါတယ်လောင်းကစားဝိုင်းတွေလည်း သူတို့ကလုံခြုံရေးယူပေးပြီးလုပ်နေတာ” ဟု သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် နတ်စစ်သည် တပ်ရင်းအမှတ်(၃၈၀၁)တပ်ခွဲ၂ Black Dragon(GBK pdf)၊ တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ ၅ဟီးရိုးပျောက်ကြားနှင့် Yoma (GBK pdf) တပ်ပေါင်းစု မဟာမိတ်အဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ပေါင်မြို့၊ မော်လမြိုင် – ရန်ကုန် အဝေးပြေးလမ်းမကြီးအတိုင်း ဖလပ်ကျေးရွာသို့ ပြန်လာသည့် စစ် တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး တို့ကို အမည်မသိ သေနတ် သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။ khit thit

သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်ချ

အိမ်အကူကိုညှဉ်းပန်းနှိပ်စက်ခဲ့သည့် သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၃ ဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက  အပြင်း အထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ မတ် ၁၃ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မင်းရာဇာအိမ်မှာ အိမ်အကူလုပ်တဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု‌တွေ ပြု လုပ်ပြီး ၂၀၂၀ ပြည့်နှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မင်းရာဇာ အပါအဝင် ၃ ဦးကို ကရင်လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးပေးခဲ့တာပါ။

အမှုရင်ဆိုင်‌နေချိန်ကာလအတွင်း ၂၀၂၁ ခုနှစ် အမှုတွေ ပိတ်သိမ်းချိန်က ဒီအမှုကို မပိတ်သိမ်းသင့်ကြောင်း တရားရုံးကို ပြန်လည်လျှောက်ထားခဲ့တာကြောင့် တရားရုံးဘက်က လက်ခံပြီး အစကနေ ပြန်စစ်ခဲ့တဲ့အမှုလို့ သိရပြီး မင်းရာဇာကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ခရိုင်တရားရုံးမှာ ဆက် လက်တရားရင်ဆိုင်ရမယ်လို့ သိရပါတယ်။

နစ်နာသူ အမျိုးသမီးဘက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသမီးအဖွဲ့က “မင်းရာဇာ အမှုမှ အမှုတခုကို ဒီကနေ့ အမိန့်ချလိုက်ပါပြီ။ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုနဲ့ မင်းရာဇာ၊ သူ့ဇနီးနဲ့ မန်နေဂျာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ သက်ငယ်မုဒိမ်းအဖြစ် စွဲဆိုခံထားရတဲ့အမှုကတော့ ခရိုင်မှာ ဆက်လက်ရင်ဆိုင်ရမှာပါ” လို့ ပြောပါတယ်။

သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်၊ မန်နေဂျာဖြစ်သူ အောင်လွင်စိုးတို့ကို အပြင်းအထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ DVB

« Older Entries