ဆားလင်းကြီး မြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Salingyi Spaceman Drone Armyမှတာဝန် ရှိသူတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ဆားလင်းကြီး မြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီး စစ်ခွေးတွေ အင်အားအလုံးအရင်းနဲ့ တက်လာလို့ အပြန်အလှန် ပစ်ခတ်မှု ၁၀မိနစ် လောက် ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ဘက်က ကား ၂ စီး ကျဥ်ထိမှန်တာကလွဲပြီး အထိအခိုက်မရှိဘူး။ ပြည်သူတွေ ဒီထက်မက ထောက်ပံ့မှ ကျည်များများနဲ့ ခံပစ်နိုင်မှာ ဖြစ်လို့ ဆက်လက် ပါဝင် လှူဒါန်းပေးကျပါလို့ ပြောချင်တယ်” ဟု Salingyi Spaceman Drone Army မှတာဝန်ရှိသူမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို SSTF တပ်ခွဲ Salingyi Spaceman Drone Army-SSDA၊ SSTF တပ်ခွဲ HUNDRED လက်နက်ကြီးပျောက်ကြားတပ် ဖွဲ့၊ SSTF တပ်ခွဲ “အဘ” လက်နက်ကြီးပျောက်ကြားတပ်ဖွဲ့၊ “ငဘ” လက်နက်ကြီးပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း တပ်ခွဲ(၄)၊ အညာမုန်တိုင်း ပျောက်ကြားတပ်ဖွဲ့နှင့် ဗိုလ်တမာ လက်နက်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s