တမူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား နှစ်ဖက်အထိအခိုက်ရှိ

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့နှင့် ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိ အခိုက်ရှိကြောင်း သိရသည်။

မတ်လ ၁၄ရက် ယနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်တွင် တမူးမြို့နယ် ကွမ်းတောင်းစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

“စခနဲ့ပျူ (စစ်ကောင်စီတပ်နှင့်ပျူစောထီး) ထွက်လာတာကို ကင်းပုန်းဝပ်နေတဲ့ ကျနော်တို့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာပါ” ဟု အဆိုပါ ABSDF ရဲဘော်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁၅မိနစ်ခန့်အတွင်း ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အသေးစိတ်အခြေအနေကို အတည်ပြုရန်လိုအပ်သေးကြောင်း သိရသည်။

မတ်လ ၁၃ရက် ယမန့်နေကလည်း ကွန်းတောင်းစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၇ဦး နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တမူးခရိုင် တပ်ရင်း(၁) နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲသည် မိနစ် ၃၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ခရိုင်တပ်ရင်း (၁) ဘက်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ကာ ကွယ်ရေးတပ်ဖွဲ့သတင်းအရင်းမြစ်များထံမှသိရသည်။

ထို့အပြင် တမူးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) အခြေစိုက်ဒေသသို့ လက်နက်ကြီးဖြင့် အချက် ၂၀ကျော် ပစ်ခတ်ခဲ့ကြောင်း သိရပြီး ထိခိုက်မှုအခြေကို မဇ္စျိမ အနေဖြင့် မသိရှိရသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s